Thursday, November 17, 2016

ဓမ္မသဘင်

"ဓမ္မသဘင်"

        တရားဆွေနွေးခြင်းကို လူကြီးများသာဆွေး
နွေးလေ့ရှိရာ ယခုခေတ်လူငယ်များ မဆွေးနွေး
ကောင်းသလိုဖြစ်နေ၏။ အမှန်က တရားမည်
သည် စိတ်ကောင်းထားတတ်ခြင်း မတရားကို
ရှောင်၍ တရားကိုလေးစားတတ်ခြင်း ဝီရိယ
သတိ  သမာဓိ ပညာ စသောတရားများ တိုးပွါး
စေခြင်းဖြင့် လောကကြီးပွါးရေး ဓမ္မကြီးပွါးရေး
နှစ်ဖက်စလုံး အားပေးတတ်ရာ အဘယ်မှာ
လူငယ်များ မသိထိုက်ပဲ ရှိပါအံ့နည်း။

             ထို့ကြောင့် တရားဆွေးနွေးသော အစည်း
အဝေးများကို မကြာမကြာကျင်းပ၍ ဟောပြောသူ
ကပြောဟော နားထောင်သူက နားထောင်လျှင်
လွန်စွာအကျိုးရှိမည်သာ။
               "သူတော်ကောင်းမရှိရာ သဘင်မှာ
သဘင်မဟုတ် တရားမပြောသူမှာ သူတော်
ကောင်းမဟုတ်" ဟူသော စကားအရ တရားပြော
သော သူတော်ကောင်းများရှိရာသဘင်မှာ
သဘင်မည်သည်ဖြစ်၍ ထိုသဘင်မျိုး အမြဲရှိ
ထိုက်ပါ၏။
             သို့သော် မိမိက အမှန်သိလိုကြားလိုခြင်း
အမှန်ကိုထောက်ပြလျှင် ကျေးဇူ့တင်ခြင်း သူတစ်
ပါးကို သိစေလို တတ်စေလိုသော စေတနာ
မေတ္တာ ရှိသူဖြစ်ခြင်း တို့ဖြင့် စိတ်ထားကောင်းသူ
တို့၏ အစဉ်စစ်မှန်သော ဓမ္မသဘင်ဖြစ်စေအပ်
သည်သာ။
               ထိုသို့မဟုတ်ပဲ မိမိက မည်သိုတတ်သိ
ကြောင်း ပြလိုခြင်း သူတစ်အားနှိမ်ချနှိပ်ကွပ်လို
ခြင်း အမှားထောက်ပြလာသောအခါ မခံချင်
စိတ်ဆိုးခြင်း စသည့် တရားသဖြင့် ပြောဟော
ဆွေးနွေးခြင်းကင်းမဲ့လျှင် တရားသဖြင့် ဆွေးနွေး
ပြောဟောသော ဓမ္မသဘင်ဖြစ်မည်မဟုတ်
ကြောင်း ရေးသားအပ်ပါသတည်း။

                           ရွှင်လန်းချမ်းမြေ့ပါစေ
                             

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment