"ဗြဟ္မစိုရ်တရား"
ဗြဟ္မစိုရ်ဟူသောစကားသည် ဗြဟ္မစရိယ
ဟူသောစကားမှ ဖြစ်ပေါ်လာသောစကားဖြစ်၏။
(ဗြဟ္မ=မြတ်သော+စရိယ=အကျင့်/ဗြဟ္မစိုရ်)
မေတ္တာ ကရုဏာ မုဒိတာ ဥက္ခောအားဖြင့် ဗြဟ္မ
စိုရ်တရားလေးပါးရှိ၏။ယင်းတရားလေးပါးကို
"ဗြဟ္မဝိဟာရ"ဟုလည်းခေါ်သည်။(ဗြဟ္မ=ဗြဟ္မာ
တို့၏+ဝိဟာရ=နေခြင်း/ဗြဟ္မ=မြတ်သော+ဝိဟာ
ရ=နေခြင်း။)
"အပ္ပမညာတရား"
အပိုင်းအခြား အကန့်အသတ် အတိုင်းအဆ
ပမာဏမရှိသော သတ္တဝါအပေါင်းကို အပ္ပမာဏ
ဟုခေါ်ရာ ဤ၌ ဤ၍ဤမျှလောက်သောသတ္တဝါ
ကို အာရုံပြုရမည် ထို့ထက်ပိုလွန်သော သတ္တဝါ
အများကို အာရုံမပြုရဟု အကန့်အသတ်ပမာဏ
မထားပဲ အနန္တ (အဆုံးအပိုင်းခြားမရှိသော)သတ္တ
ဝါအားလုံးကို အာရုံပြုရပေမည်။ သတ္တဝါတစ်ဦး
တစ်ယောက်က်ု အာရုံပြုရာ၌လည်း အထက်
အောက်စသည်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို
အာရုံမယူပဲ ပမာဏမထားပဲ အာရုံပြုရမည်သာ။
ဤသို့အပိုင်းအခြားအကန့်အသတ်မထားပဲ
သတ္တဝါ အပေါင်းကိုအာရုံပြုရမည်သာ။ဤအပိုင်း
အခြားအကန့်အသတ်ပမာဏမရှိသော သတ္တဝါ
အပေါင်းကို အာရုံပြု၍ပွါးများရသောကြောင့် ထို
ဗြဟ္မစိုရ်တရားလေးပါးကို အဘိဓမ္မာကျမ်းများ၌
အပ္ပမညာတရားဟု ခေါ်သည်။ထိုကြောင့်
အပ္ပမညာတရားဟုလည်းကောင်း ဗြဟ္မဝိဟာရ
တရားဟုလည်းကောင်း ဗြဟ္မစိုရ်တရားဟုလည်း
ကောင်း အမည်သုံးမျိုးဖြင့်ခေါ်နိုင်၏။
ဗြဟ္မစိုရ်တရားလေးပါး
(၁)မေတ္တာ
ချစ်ခင်ခြင်း သတ္တဝါများ၏ အကျိုးစီးပွါးကို
လိုလားခြင်း။
(၂)ကရုဏာ
သနားကြင်နာခြင်း ဒုက္ခရောက်နေသူများ
ကို ကယ်တင်စောင့်ရှောက်လိုခြင်း။
(၃)မုဒိတာ
ဝမ်းမြောက်ခြင်း ချမ်းသာသူများအပေါ်
ဝမ်းမြောက်နေခြင်း။
(၄)လျစ်လျူရှုခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း
ချစ်ခြင်းမုန်းခြင်းတို့၏ အလယ်၌ မယိမ်းမယိုင်နေ
နိုင်ခြင်း။
မှတ်ချက်
ဤဗြဟ္မစိုရ်တရားလေးပါ၌ အကျယ်ရေး
သားပေးပါရန် တောင်းဆိုမှုများရှိနေသော်လည်း
လောလောဆယ်စာရှည်များမရေးနိုင်သေးပါ
စာရေသူ၏ Phone မှာ china လုပ်အပေါစား
မျှသာဖြစ်၍ စာရေးစဉ် လေးလာခြင်း စာအနှိပ်
မသွားခြင်း ရေးပြီးခါနီး ပျက်သွားပြန်ခြင်း စသော
အားနဲချက်များရှိနေရာ သည်ခံ၍ဖတ်ရှုပေးကြပါ
ရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။တစ်စုံ
တစ်ရာသော အကျိုးကိုမျှော်ကိုးလျက်လည်းပြော
ကြားခြင်းမဟုတ်ကြောင်း သိစေအပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment