"ဓမ္မသတ်ဂုဏ်(၁၂)ပါး"
(၁)သိကြားမင်း၏ ဝရဇိန်လက်နက်နှင့်တူခြင်း။
(၂)ခပ်သိမ်းသော လိုအင်ဆန္ဒကို ပေးနိုင်သော
မဏိဇောတ ပတ္တမြားနှင့်တူခြင်း။
(၃)ပြည်ကြီးဝန်ကို အမှန်တကယ်ရွက်ဆောင်
သော(လွှတ်တော်အမတ်)အမတ်ကြီး၏ လက်
နက်နှင့်တူခြင်း။
(၄)လက်သမားတို့၏ တမျဉ်းချည်နှင့်တူခြင်း။
(၅)ဆေးဆရာတို့၏ ဆေးကျမ်းနိဒါန်းနှင့်တူခြင်း။
(၆)အမိုက်အမှောင်ကိုလင်းစေတတ်သော ဆီမီး
တန်ဆောင်နှင့်တူခြင်း။
(၇)စက္ခုသဖွယ် ရူပါရုံကို အကုန်မြင်နိုင်သည်နှင့်
တူခြင်း။
(၈)သောတအာရုံကို အကုန်ကြားနိုင်သည်နှင့်
တူခြင်း။
(၉)စန္ဒ-လ၏သဖွယ် စင်ကြယ်အေးမြခြင်း။
(၁၀)သူရိယ-နေ၏သဖွယ် အမိုက်အမှောင်ကို
ကုန်အောင်လင်းနိုင်ခြင်း။
(၁၁)နာဂန္တ-ဆင်ပြောင်ကြီး၏ အစွယ်နှင့်တူခြင်း။
(၁၂)သားငယ်တို့အား နှစ်လိုစွာဖြစ်သော အမိနို့
ရည်နှင့်တူခြင်း။
မှတ်ချက်
ဓမ္မသတ်၌ တရားသဖြင့်စီးရင်ဆောင်ရွက်
ရမည်ဖြစ်ရာ တရားဥပဒေစိုးမိုးရေး၌ ဖြောင့်မတ်
မှန်ကန်၍ မျှတသော ပြည်သူ့အကျိုးပြု ဓမ္မသတ်
ဥပဒေကိုရည်ညွန်းပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment