"လျစ်လျူရှုခြင်း=ဥပေက္ခာ"
"ဥပေက္ခာနှစ်မျိုးခွဲခြားပြခြင်း"
*အကုသိုလ်ဥပေက္ခာနှင့်
*ကုသိုလ်ဥပေက္ခာ
"အကုသိုလ်ဥပေက္ခာ"
မသိမှု နားမလည်မှုကြောင့် ဝမ်းနည်းခြင်း
ဝမ်းသာခြင်းကိုလည်းကောင်း အစွန်းတစ်ဘက်
သို့မကျရောက်ပဲ အလယ်အလတ်စိတ်နေသ
ဘောထားဖြစ်ရာ တောသမင်သည် ပတ္တမြားရတ
နာကိုမြင်ရသောအခါ မသိ နားမလည်သော
ကြောင့် လိုချင်တပ်မက်ခြင်း ဝမ်းသာခြင်းမရှိ
ထိုပတ္တမြားရတနာကြောင့်လည်း တ တဿဖြစ်
ခြင်း ဝမ်းနည်းပူဆွေးခြင်း စိတ်ဆိုးဒေါသဖြစ်ခြင်း
မဖြစ်ချေ အလယ်အလတ်သဘောထားရှိနေ၏။
ဤသို့ မသိ နားမလည်မှုနှင့်ယှဉ်တွဲနေသော ခံ
စားချက်ဝေဒနာကို အကုသိုလ်ဝေဒနာဟု ခေါ်
ဆိုကြောင်း ဟောတော်မူ၏။၎င်းဥပေက္ခာသည်
(အညာနုပေက္ခာ)တည်း။
"သာမန်လူတို့အမြင် ဥပေက္ခာ"
မိုက်မဲ၍ ပြုပြင်ထိန်းသိမ်းခြင်းငှာ မရနိုင်
မည်သို့ပင် ဆိုဆုံးမသော်လည်း မရနိုင် မနာခံ
တတ်သော သားသမီးများကို ထိန်းသိမ်းစောင့်
ရှောက်ခြင်း ပြုပြင်ဆုံးမခြင်း မပြုလုပ်တော့ပဲ ဖြစ်
ချင်ရာသာဖြစ်စေတော့ဟု လွှတ်ထားလိုက်တတ်
ကြရာ ယင်းသို့ သဘောထားကို ဥပေက္ခာမှတ်ကြ
ပေသည်။ ဤသုံးနူန်းချက်မှာ တိကျစွာ မမှန်ကန်
သော်လည်း တစ်စိတ်တစ်ဒေသအားဖြင့် မှန်ကန်
သည်ဟု ယူဆရပေမည်။
"ကုသိုလ်ဥပေက္ခာ"
အများအားဖြင့် ကုသိုလ်စိတ်နှင့် ယှဉ်တွဲဖြစ်
ပေါ်နေသော ဥပေက္ခာကို ကုသိုလ်ဥပေက္ခာဆို
ကြောင်း ဒါန သီလ ဘာဝနာ ကုသိုလ်အမှုများပြု
လုပ်ရာ၌ ဖြစ်လေ့ဖြစ်ထရှိသော ဥပေက္ခာသာ
တည်း။
ဘုရားရှင်သည် ကုသိုလ်ဥပေက္ခာကို (၁၀)မျိုးခွဲ
ခြားဟောပြတော်မူပါ၏။
(၁)ဆဠင်္ဂုပေက္ခာ(အာရုံခြောက်ပါ၌ လျစ်လျူ
ရှုခြင်း)
မျက်စိ နားစသော ဒွါရခြောက်ပါး၌ လိုလား
နှစ်သက်အပ်သော ဣဋ္ဌာရုံ မလိုမနှစ်သက်အပ်
သော အနိဋ္ဌာရုံဖြစ်သော အာရုံခြောက်ပါးတို့ရင်
ဆိုင်တွေ့ထိခဲ့သည်ရှိသော် ဝမ်းမြောက်ခြင်း ဝမ်း
နဲခြင်းမဖြစ် စိုးရိမ်ပူဆွေးခြင်းဝမ်းနည်းခြင်လည်း
မဖြစ် ချစ်ခင်တွယ်တာခြင်းမုန်းတီးခြင်းလည်းမ
ဖြစ် မြင်လျှင်မြင်ရုံမျှ ကြားလျှင်ကြားရုံမျှဖြစ်၍
သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ရှုမှတ်ခြင်းဖြစ်၍
အာသဝေါကုန်ခန်းသည့် ရဟန္တာ အရှင်မြတ်တို့
သာပြုနိုင်၏။
ပုထုဇဉ်များမှာ ၎င်းအချက်များနှင့်ဆန့်
ကြင်ဘက်ဖြစ်ရာ ဝမ်းသာခြင်း ဝမ်းနဲခြင်း ချစ်ခြင်း
မုန်းခြင်း စိတ်လှုပ်ရှားခြင်း ထိတ်လန့်တုန်လှုပ်
ခြင်းတို့ကားဖြစ်ကြကုန်၏။
ဤသို့အားဖြင့် မိမိတွေ့ကြုံရသော အရုံ
တို့၌ အစွန်းနှစ်ဖက်သို့မကျရောက်စေပဲ ပဋိပဋာ
သဘောဖြင့် တည်ငြိမ်စွာလျှင် မယိမ်းမယိုင် မ
တုန်မလှုပ် သောအားဖြင့် ရှုမြင်နိုင်သောသဘော
သည် ဆဠင်္ဂုပေက္ခာ တည်း။
(တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာစေတသိတ်)
(၂)ဗြဟ္မဝိဟာရုပေက္ခာ
ဆင်းရဲဒုက္ခရောက်နေသော သတ္တဝါများ
ကိုတွေ့မြင်နေရခြင်းကြောင့် သနားကြင်နာခြင်း
ဆင်းရဲဒုက္ခမှကယ်တင်ပေးလိုခြင်းများဖြစ်ပေါ်ရာ
စိတ်နှလုံးနာကျင်ပင်ပန်းခြင်းဖြစ်ရ၏။
ချမ်းသာသုခနှင့်ပြည့်စုံသောသတ္တဝါများ
အားတွေ့မြင်နေရသောအခါ၌လည်း ဝမ်းမြောက်
ကြည်နူးခြင်း ပီတိလွန်ကဲသဖြင့် ပင်ပန်းခြင်းဖြစ်ရ
ပြန်၏။ဤသို့အားဖြင့် ဝမ်းသာခြင်းဝမ်းနည်းခြင်း
ကြောင့် စိတ်နှလုံးတို့သည် မငြိမ်မသက်ဖြစ်ရ၏။
ဤဥပေက္ခာ၌မူ ဝမ်းသာခြင်းဝမ်းနည်း
ခြင်းမရှိ ချစ်ခြင်းမုန်းခြင်းမရှိ ချမ်းသာခြင်းဆင်းရဲ
ခြင်းမရှိ သတ္တဝါတို့၏ ချမ်းသာခြင်း ဆင်းရဲခြင်း
စသော အကြောင်းအရာတို့သည် သူ့ကံအ
လျောက်သာဖြစ်ရ၏။
ဤသို့အားဖြင့် အစွန်းနှစ်ဖက်သို့ မကျ
မရောက်စေပဲ မဇ္ဈိမပဋိပဋာ အလယ်အလတ်
လမ်းစဉ်အားဖြင့် ကြိုးတန်းလျောက်သူပမာ ကျင့်
ရမည်။ကြိုးတန်းလျောက်သူသည် ဝဲယာမည်
သည့်ဘက်ကိုမျှ အလေးချိန်မပို အာရုံလည်းမ
ထား လျောက်ရမည့်လမ်းကိုသာကြည့်လျက်
ဟန်ချက်ညီစွာ လျောက်သကဲ့သို့တည်း။
ဤဥပေက္ခာဗြဟ္မဝိဟာရသည်ကား
သတ္တဝါအပေါင်းတို့၏ ချမ်းသာခြင်း ဆင်းရဲခြင်း
ကို ကံအတိုင်းသာမြင်လျက် လျစ်လျူရှုခြင်းသာ
ဖြစ်ပေတော့၏။ ပါရမီဆယ်ပါး၌ပါဝင်သော
ဥပေက္ခာပါရမီသည်ကား ဤဗြဟ္မဝိဟာရုပေက္ခာ
ပင်ဖြစ်ကြောင်း ဘုရားရှင်ဟောတော်မူပါသ
တည်း။
(၃)ဗောဇ္ဈင်င်္ဂုပေက္ခာ
ဗောဇ္ဈင် ၇ ပါး၌ ပါဝင်သော ဥပေက္ခာ
ဖြစ်ပြီး ယောဂီပုဂ္ဂိုလ်တို့မဂ်တရား ဖိုလ်တရား
အားထုတ်သောအခါ မဂ်ဖိုလ်ရခါနီး၌ ဝီရိယနှင့်
သမာဓိကိုညှိပေးခြင်း မျိုးဖြစ်ရာ လွန်ကဲခြင်မဖြစ်
စေရန် ပဋိပဋာကျအောင်အားထုတ်ခြင်းဖြင့်
ထိန်းညှိခြင်းဖြစ်၏။ လွန်ကဲသွားသော်မဂ်ဖိုလ်
မရနိုင်ကြောင်းဟောတော်မူ၏။ အရှင်အာနန္ဒာ
ကား မဂ်ဖိုလ်ရန် တစ်ညလုံးစင်္ကြန်လျောက်၍
အားထုတ်ရာဝီရိယလွန်ကဲသဖြင့် ထိုဝီရိယကို
လျော့၍ ဝီရိယနှင့်သမာဓိညီစေသောအခါ
အရဟတ္တဖိုလ်သို့ရောက်တော့သည်။
ဤကဲ့သို့ ဗောဇ္ဈင်တရားများကို အယုတ်
အလွန်မရှိစေပဲ ထိန်းညှိပေးရမည်သာတည်း။
(၄)ဝီရိယုပေက္ခာ
ဝီရိယကို အပိုအလိုမရှိ အလယ်အလတ်
ထားလျက် အလွန်အမင်းအားထုတ်ခြင်း အလွန်
လျော့ရဲသောအားထုတ်ခြင်းကို ရှောင်ကြဉ်လျက်
အညီအမျှဖြစ်စေလျက်အားထုတ်ခြင်း သည်ကား
ဝီရိယုပေက္ခာ ပင်ဖြစ်တော့သည်။
(တရားကိုယ်အားဖြင့် ဝီရိယစေတသိတ်)
(၅)သင်္ခါရုပေက္ခာ
သင်္ခါရတရားတို့ကို အာရုံပြုရာ၌ လျစ်
လျူရှုခြင်းသဘောဖြစ်၍ ဝိပသနာဥာဏ်မရင့်သန်
သေးသူများမှာ ဘယဥာဏ် အာဒီနဝဥာဏ်အ
အရောက်၌ ဝိပသနာ၏ အာရုံဖြစ်သော သင်္ခါရ
တရားတို့ကို ဓမ္မသံဝေဂဖြင့်ကြောက်လန့်နေ၏
ထိုမှ မုစ္စိတုကမျတာဥာဏ်အရောက်၌ ၎င်းသင်္ခါရ
အာရုံများကိုစွန့်လွှတ်လို၏။
အစားထိုးရန် အခြားအာရုံ(နိဗ္ဗာန်အာ
ရုံ)ကိုလည်းမရသေးသဖြင့် မချစ်သော်လည်း
အောင့်ကာနမ်းသကဲ့သို့ ဆက်လက်ရှုမှတ်နေရ
၏။ ၎င်းအခြေအနေတွင် သင်္ခါရမှ လွတ်မြောက်
လိုသော်လည်း သင်္ခါရကိုသာအာရုံပြုနေလျက်
နောက်ဆုံးတွင် လက်လျော့လိုက်သည့်အနေဖြင့်
လွတ်မြောက်ရန် ကြိုးစားခြင်း စွန့်လွှတ်ရန်ကြိုး
ပမ်းခြင်းများမပြုလုပ်တော့ပဲ အရှိအတိုင်းခံယူ
လျက် ရှုမှတ်နေတော့ရာ ယင်းဝိပသနာဥာဏ်ကို
သင်္ခါရုပေက္ခာဥာဏ် ဟုခေါ်ဆိုပါတော့သတည်း။
(တရားကိုယ်အားဖြင့် ဝီရိယစေတသိတ်)
(၆)ဝေဒနုပေက္ခာ
ဣဋ္ဌနှင့်တွေ့သောအခါ သာယာဖွယ်ခံ
စားခြင်း အနိဋ္ဌနှင့်တွေ့သောအခါ ကိုယ်စိတ်ဆင်း
ရဲခြင်း ဣဋ္ဌလည်းမဟုတ် အနိဋ္ဌလည်မဟုတ်
သော ကြားနေသဘော အလယ်အလတ်အာရုံ
(ဣဋ္ဌမဇ္ဈတ္တာရုံ)ကိုတွေ့ထိခံစားရသောအခါ ချစ်
ခြင်းမုန်းခြင်း ဝမ်းနည်းဝမ်းသာခြင်းမဖြစ် သည်
ကား ဝေဒနာနုပေက္ခမည်၏။
စတွေ့ခြင်း ချစ်သူဖြစ်ခြင်း အိမ်ထောင်ကျ
ခြင်း သားသမီးရခြင်း စသောကာလကြာသောအ
ခါ အာရုံသည် ရိုးသွားတတ်ရာ ချစ်သူဖြစ်စမှအာ
ရုံလောက် ရင်ခုန်စိတ်လှုပ်ရှားခြင်းတို့မဖြစ်တော့
ပေ။ စွဲလန်းမှု တပ်မက်မှုတို့ အစပြုရာ သမီးရည်း
စားဘဝကိုပြန်အောက်မေ့လျက် ပီတိကိုသာ
မွေးမြူကြရသည်။
ထိုမှ ၄၀/၅၀ သို့ရောက်သောအခါစွဲလန်း
တပ်မက်မှုပိုလျော့လာသဖြင့် လျစ်လျူရှုမှု
ဥပေက္ခာဝေဒနာကိုပိုမိုခံစားရလာ၏။ဤသည်
ကိုဥပမာပြု၍ ဝေဒနုပေက္ခာတရားကို ဆင်ခြင်ရာ
၏တည်း။(အကျဉ်းမျှသာ)
(တရားကိုယ်အားဖြင့် ဥက္ခောစေတသိတ်)
(၇)ဝိပသနုပေက္ခာ
ဝိပသနာရှုရာ၌ အလယ်အလတ် သမာ
သမတ် ထားနိုင်ခြင်း။ ခန္ဓာငါးပါးတို့၏ အနိစ္စ ဒုက္ခ
အနတ္တသဘော တို့ကို ထင်မြင်အောင်ရှုမှတ်ရာ
၌ ဥာဏ်နုစဉ်တွင် အထူးစိုက်၍ ဆင်ခြင်သုံးသပ်
ရှုမှတ်နေရကား ရင့်ကိက်လာသောအခါ၌ အထူး
အားမစိုက်ရပဲ ဥာဏ်၌ရင့်၍အလိုလိုထင်ရှားလာ
ခြင်းသည်ကား ဝိသနုပေက္ခာသာတည်း။
(တရားကိုယ်အားဖြင့် ပညာစေတသိတ်)
(၈)တတြမဇ္ဈတ္တုပေက္ခာ
သုံးပုဒ်ခွဲလျှင် ကာမာဝစရကုသိုလ်
မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာကုသိုလ် ဟုဆို
အပ်သော ကုသိုလ်များဖြစ်တိုင်းတွင် ဤစေတ
သိတ်များပါဝင်ရာ ၎င်း၏လုပ်ငန်းတာဝန်မှာ
စိတ္တုပါဒ် တစ်ခုအတွင်း၌ ပါဝင်နေသော စိတ်
စေတသိတ်တရားတို့ကို မိမိကိစ္စမိမိ ပုံမှန်ဖြစ်
စေရန် အယုတ်အလွန်မရှိစေရပဲ သမာသမာတ်
မျှတမှုရှိစေရန် ထိန်းထားခြင်းဖြစ်သည်။ထို့
ကြောင့် ကုသိုလ်တရားများ ဖြစ်ပေါ်ရာ၌နစ်ဖက်
သတ်လွန်ကဲခြင်းမရှိစေပဲ မျှတစွာဖြစ်လေ့ရှိ၏။
နှိုင်းယှဉ်ကြည့်သော် အကုသိုလ်စေတ
သိတ်၌ ဤတတြမဇ္ဈတာ စေတသိတ်မပါသည်
ဖြစ်ရာ အချင်းချင်းညှိနှိုင်းမှုမရှိ တစ်ခုခုမှာ တစ်
ဖက်သတ်လွန်ကဲလျက်ရှိရာ လောဘ ဒေါသ
ရာဂ အာဃာတ မနာလိုဝန်တိုခြင်း ငြူစူခြင်း
အဘိဇ္ဈာ ဣဿာတို့ လွန်ကဲနေရာ အိပ်ချင် ငိုက်
မျည်း ထုံထိုင်းလျက် တရားမရတော့ပေ။
ကုသိုလ်စိတ္တုပ္ပါဒ် ဖြစ်ရ၌မူ ယှဉ်ဖော်ယှဉ်
ဖက် ဖြစ်ဖေါ်ဖြစ်ဖက် တရားများတွင်လျော့နည်း
သောတရားကိုတိုးတက်စေ၍ လွန်ကဲသောတ
ရားများကို ပြန်လည်လျော့ကျစေ၍ထိန်းညှိပေး
လျက် အလယ်အလတ် သမာသမတ်ဖြစ်အောင်
ထိန်းညှိပေးခြင်းကား တတြမဇ္ဈတ္တုပေက္ခာတည်း။
အပိုင့်(၂)ကြိုးတန်းလမ်းလျောက်ဥပမာသို့တည်း။
(၉)ဈာနုပေက္ခာ
ဈာန်ချမ်းသာကို မခံစားပဲ ချမ်းသာ
သည့်ဘက်ကိုမကျရောက်စေပဲ လျစ်လျူရှုနိုင်
ခြင်းသဘောကို ဈာနုပေက္ခာဟုခေါ်၏။တရား
ကိုယ်အားဖြင့် တတြမဇ္ဈတ္တတာ စေတသိတ်ဖြစ်
ပြီး ယင်းစေတသိတ်သည် ပဋ္ဌမဈာန်နှင့်ဒုတိယ
ဈာန်အခိုက်တွင် ရှိနေသော်လည်း ဝိတက်
ဝိစာရနှင့် ပီတိတို့က လွှမ်းမိုးမှုလွန်ကဲသည်ဖြစ်
ရာ ခေါင်းမထောင်နိုင်ပဲမထင်မရှားဖြစ်ရ၏။
တတိယဈာန်သို့ရောက်သောအခါ
ဝိတက် ဝိစာရနှင် ပီတိတို့ကို ဖယ်ရှားပြီးဖြစ်သ
ဖြင့် သုခနှင့် ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးသာလျှင်
ကျန်ရှိတော့သည်။ ထိုသုခချမ်းသာသည် ပီတိနှင့်
ကင်းနေသောကြောင့် ငြိမ်သက်သိမ်မွေ့လျက်
ရှိသည်။ ပီတိမှာမှု လှုပ်လက်ချောက်ချားမြောက်
တက်နေတတ်ရာ ပီတိနှင့်တွဲနေသောသုခမှာ
အဆင့်နိမ့်သည် အင်အားလည်းနည်း၏။
ပီတိကိုဖယ်လိုက်၍ ပီတိကင်းသောသုခ
မှာ လေးနက်တည်ငြိမ်လျက် အင်အားကြီးမား
သည်။ ထိုတတိယဈာန်ချမ်းသာကို ဘုရားအစရှိ
သော သူတော်ကောင်းတို့က သုခဝေဒနာအ
ပေါင်းတို့တွင် အမြင့်ဆုံးဟု ချီးမွမ်းတော်မူရာ ထို
တတိယဈာန်ချမ်းသာကိုပင် အပြင်းအထန်မခံစား
ပဲ ယင်းချမ်းသာသုခကို လျစ်လျူရှုခြင်းသည်ကား
ဈာနုပေက္ခာမည်ကြောင်းဟောတော်မူ၏။
(တရားကိုယ်အားဖြင့် တတြမဇ္ဈတ္တတာစေတသိတ်)
(၁၀)ပါရိသုဒ္ဓုပေက္ခာ
အလုံးစုံဆန့်ကြင်ဘက်တရားတို့မှ စင်
ကြယ်သော ဥပေက္ခာတရားဖြစ်၏။ စတုတ္ထဈာန်
ပဉ္စမဈာန်တို့နှင်ယှဉ်သော တတြမဇ္ဈတ္တတာ စေ
တသိတ်ဖြစ်သည်။ ဈာန်တရားတို့သည်ဆန့်ကြင်
ဘက်နိဝရဏတရားတို့ကို ငြိမ်းအေးစေခြင်းဖြစ်
ရာ ထိုနိဝရဏတရားတို့ကို ငြိမ်းအေးအောင်
ဆောင်ရွက်ရ၏။ နိဝရဏတရားတို့သည်ဈာန်၏
ဆန့်ကြင်ဘက်ဖြစ်ရာ ငြိမ်းအောင်ဆောင်ရွက်ရာ
၌ စတုတ္ထဈာန်သို့ရောက်သောအခါ နိဝရဏတ
ရားအားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်၍ ဆန့်ကြင်
ဘက်တရားတို့ကိုငြိမ်းအေးအောင်ဆောင်ရွက်
နိုင်ခြင်းမရှိတော့ပဲ လျစ်လျူရှုထားနိုင်ခြင်းဖြစ်ရာ
ဤသို့ဖြစ်ခြင်းကို ပါရိသုဒ္ဓုပေက္ခာ ဟုခေါ်ရပါ
တော့သတည်း။
မှတ်ချက်
စာရေးသူမှာ ဤစာကိုရေးရာ၌ စာတွေ့
လေ့လာရေးသားခြင်းဖြစ်ကြောင်းပြောကြားလို
ပါ၏။ ရေးသားရာ၌ အကျဉ်းမျှရေးသားရခြင်းဖြစ်
ရာ တတ်သိနားလည်သော ပညာရှင်များ
အရိယာပညာရှင်သူတော်ကောင်းများအမြင်၌
ပြည့်စုံမှုမရှိသေးကြောင်းကို တွေ့မြင်ရမည်သာ။
စာရေးသူအနေဖြင့်လည်း သောတာပတ္တိမဂ်ကို
ပင်မဆိုထားနှင့် ပဋ္ဌမဈာန်၏အောက်ထစ် အား
ထုတ်မှုမျှပင် မရှိသည်ဖြစ်ရာ ပညာရှင်များမှ
နားလည်ပေးလိမ့်မည်ဟု ထင်မြင်ယူဆမိပါသည်
ဗုဒ္ဓစာပေလေ့လာလျက်ရှိသောပညာရှင်များအ
နေဖြင့်လည်း လိုအပ်သည်များကိုပြင်ဆင်ဖြည့်
စွက်နိုင်ပါကြောင်း မိမိအနေဖြင့်လည်း အကျဉ်း
မျှသာရေးသားရခြင်းဖြစ်ပါကြောင်း အသိပေးအပ်
ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
ပါရမီစခန်း ပညာလမ်း
No comments:
Post a Comment