"မေတ္တာသုတ်တော်လာအပိုဒ်ရေ(၅၃)"
"န ပရော ပရံ နိကုဗ္ဗေထ
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည
နာညမညဿ ဒုက္ခ' မိစ္ဆေယျ။"
" သူတစ်ယောက်သည် အခြားသူတစ်ယောက်
ကို စဉ်းလဲလှည့်ပတ်မှု မပြုပါစေနှင့် ဘယ်အရပ်
မှာမဆို ဘယ်ပုဂ္ဂိုလ် တစ်ယောက်ကိုမျှ မထီမဲ့မြင်
မပြုပါစေလင့်။ ကိုယ် နူတ်တို့ဖြင့် ထိပါးနှိပ်စက်
ခြင်းဖြင့်လည်းကောင်း ဒေါသစိတ်ဖြင့်လည်း
ကောင်း အချင်းချင်းတစ်ယောက်သည် တစ်
ယောက်၏ဆင်းရဲမှုကို အလိုမရှိပါစေနှင့်။"
မေတ္တာဘာဝနာဟူသည် သတ္တဝါအ
များပေါ်၌ ချမ်းသာသုခရရှိရေးအတွက် တောင့်တ
ချက်ဖြင့်သာ ပွါးများရသည်မဟုတ် အကျိုးမဲ့ဒုက္ခ
ကို မကျရောက်ဖို့အရေး တောင့်တသည်၏ အစွမ်း ဖြင့်လည်း ပွါးများရသည်သာ။
လှည့်ပတ်ခြင်း ကောက်ကျစ်စဉ်းလဲ
ခြင်းမှာ ထိုသူ့အပေါ် မေတ္တာမရှိခြင်းကြောင့်ပင်
ဖြစ်၏။ထို့အတူ အလှည့်အပတ်ခံနေရသောသူက
လည်း စိတ်ဆိုးတော့မည်ပင်ဖြစ်၏။ဤသို့ဖြင့်နှစ်
ဖက်စလုံး မကောင်းကျိုးများဖြစ်ပွါးနိုင်၍ ဤ
မလှည့်ပတ်ပါစေနှင့် ဟူသောမေတ္တာကို ပွါးရခြင်း
ဖြစ်သည်။
မာနထောင်ခြင်းသည်လည်း မေတ္တာ
မရှိသူအပေါ်၌သာဖြစ်၏။ မိမိ အလွန်ချစ်မြတ်နိုး
သူဖြစ်လျှင် ထိုသူ့အပေါ်မှာ စိတ်နူးညံ့နေရာ မာန
ဟု ရှိနိုင်မည်မဟုတ်။ထို့ကြောင့်မာနသည်
မေတ္တာကင်းခြင်း၏ အမှတ်အသားပင်ဖြစ်၏။မာန်
ထောင်လွှားသူကို မြင်ရလျှင် အမြင်ကတ်ကြ၏။
ထို့ထက်မထီမဲ့မြင်ပြုခံရလျှင် အဘယ်မှာ စိတ်မ
ဆိုးပဲ ရှိပါအံ့နည်း။ ထို့ကြောင့်မာနသည်လည်း
မာန်ထောင်သူ မထီမဲ့မြင်အပြုခံရသူ နှစ်ဦးလုံးအ
ဖို့ မကောင်းကျိုးဖြစ်ကြောင်းသာ ဖြစ်ရာ သတ္တဝါ
တို့အပေါ် စေတနာရှိသူတိုင်း မထီမဲ့မြင် မပြုပါ
စေနှင့်ဟု တောင့်တချက်ပြုရသည်သာ။
ထို့ကြောင့် ဒေါသဖြစ်လာလျှင် မိမိအဖို့
လည်းမကောင်း ခံရသူအဖို့လည်းမကောင်း
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းအကြောင်းသာဖြစ်၍ အပြန်အလှန်ဒေါသဖြစ်ရခြင်းအကြောင်းသာဖြစ်
၏။ ထို့ကြောင့် သတ္တဝါအများ ကောင်းစားစေလို
သော စေတနာရှိသူတိုင်း ထိုဒေါသမျိုးမဖြစ်ရန်
ချစ်ချစ်ခင်ခင်ရှိကြရန် တောင့်တရမည်သာဖြစ်
၏။ထို့ကြောင့် အချင်းချင်း၏ ဆင်းရဲမှုကို မပြုလို
ကြစေလင့်ဟု မေတ္တာပြုရန် ဘုရားရှင်မိန့်ကြား
တော်မူပါသတည်း။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment