Thursday, November 17, 2016

မှတ်သားဖွယ်ရာ စကားစုများ

"မှတ်သားဖွယ်ရာ စကားစုများ"

      (၁)ပစ္စည်းဥစ္စာပေးကမ်းခြင်း ကြီးပွါးတိုးတက်
အောင်မြင်အောင် မစခြင်း လေးစားစွာနေရာပေး
ပြုစုခြင်း စသည်တို့အတွက် လုယုတ်မာများက
ကျေးဇူ့အထူးတင်လိမ့်မည်မဟုတ်ချေ။
             အဆိပ်ပင်ကို အမြိုက်ရေစင်ဖြင့်စေတ
နာထားသွန်းလောင်း ပြုစုထားသော်လည်း ချိုမြိန်
၍အရသာရှိသော အသီးများသီးမလာနိုင်သကဲ့
သို့ပင်တည်း။
             ဒေဝဒတ်သည်ကား ထို့အတူပင် တစ်
ခေတ်တစ်ခါကြုံခဲစွာသော လောကသုံးပါး၌အတု
မရှိသော ဘုရားရှင်နှင့် နီးကပ်စွာ ဆည်းကပ်ခွင့်
ကိုရပါသော်လည်း ကိုယ် နူတ် စိတ် မိုက်မဲသော
အကျင့်ဆိုးကို မပြင်ခဲ့သဖြင့် တရားထူးမရနိုင်သ
ကဲ့သို့ပင်ဖြစ်၏။

     (၂)ရင်ခွင်ထဲ၌ အိပ်ပျော်နေသောသူကို
သတ်နိုင်သူအား လူစွမ်းကောင်းဟု မခေါ်သကဲ့
သို့ ယုံကြည်ပြီးသားသူကို လိမ်လည်လှည့်ပတ်
နိုင်သူအား အလိမ်တတ်သူဟူ၍ မခေါ်နိုင်ပေ။ထို
သူကား ယုတ်မာသူသာတည်း။

     (၃)တည်ကြည်ဖြောင့်မတ်သူတို့၏ စိတ်ဓါတ်
သည် မည်သို့သောအခါမျှ ဖေါက်ပြန်ပြောင်း
လည်းခြင်းမရှိပေ။ မီးတောက်မီးလျှံ၏ မီးညွန့်
များသည် အစဉ်အမြဲအပေါ်သို့သာတက်၏။
ဇောက်ထိုးစိုက်ထားသော်လည်း မီးညွန့်သည်
မည်သည့်အခါမျှ အောက်သို့ထိုးဆင်းသည်မရှိ
ပေ။

       (၄)ရေကန်မှာပြည့်နေတဲ့ရေတွေကို ရေ
မြောင်းနဲ့ ဖေါက်ထုတ်ပေးခြင်းဟာ ရေကန်ကို
စောင့်ရှောက်ခြင်းမည်သကဲ့သို့ အကူအညီလို
နေတဲ့ လူတွေကို ပေးကမ်းစောင့်ရှောက်ခြင်းဟာ
လည်း သူ့ရဲ့ဥစ္စာပစ္စည်းတွေကို စောင့်ရှောက်တဲ့
လူတော်လူကောင်းကြီးမည်တယ်။

                             ရွှင်လန်းချမ်းမြေ့ပါစေ
                                ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment