Thursday, November 17, 2016

"စိတ်တန်ခိုးရှင် အပိုင်း(၄)" "ဂါထာ မန္တာန်"

"စိတ်တန်ခိုးရှင် အပိုင်း(၄)"

"ဂါထာ မန္တာန်"

           ဂါထာ မန္တာန် မန္တယား စသောပညာရပ်တို့
သည် ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ မပေါ်ထွန်းမီ ရာစုနှစ်
ပေါင်းများစွာကပင် ကျယ်ပြန့်ထွန်းကားခဲ့သည်။
           ဂါထာ မန္တာန်များ ရွတ်ဖတ်ခြင်း မန္တာန်စိပ်
ခြင်းများသည် ရည်ရွယ်ချက်အလိုက် ဘေးရန်
ကင်းစေရန် လာဘ်လာဘနှင့် ပီယအတွက်လည်း
ကောင်း လောကီသိဒ္ဓိအစီအရင်များတွင်လည်း
ကောင်း တွင်ကျယ်စွာအသုံးပြုခဲ့ကြသည်။
           ဘုရားဟော ဂါထာမန္တာန်များရှိသလို
ဘုရားဟောမဟုတ်သော လောကီဆရာများစီရင်
သော ဂါထာမန္တာန်များလည်းရှိ၏။ လောကီဆရာ
ပညာရှင်အများစုကား မြတ်ဗုဒ္ဓပိဋကတ်တော်လာ
ဂုဏ်တော်များဖြင့် ဂါထာမန္တာန်များ ရေးဖွဲ့စီရင်
ကြသည်ကများပြီး ဘုရားဟောမဟုတ်သော
ပိဋကတ်ကျမ်းဂန် ဂုဏ်တော်တို့ဖြင့်စီရင်ထားခြင်း
မရှိသော ဂါထာမန္တာန်များကိုလည်းတွေ့ရပေ
သည်။
             ဂါထာမန္တာန်တို့၌ သက်ဆိုင်ရာ အစောင့်
ရှိစမြဲဖြစ်ရာ ဂါထာအလိုက် သက်ဆိုင်ရာစောင့်
ရှောက်မှုအလိုက် အကျိုးပေးမှုစွမ်းအားသည်
လည်း မတူညီကြပေ။ဥပမာ-ရေကိုလိုသောသူ
သည် မီးနတ်စောင့်သောဂါထာကိုရွတ်က မရနိုင်
သကဲ့သို့တည်း။ထို့ကြောင့် ဂါထာမန္တာန်တို့ကို
သူ့နေရာနှင့်သူ အသုံးပြုတတ်ရန်လိုပေသည်။
             ဂါထာမန္တာန်တို့ဖြင့် တစ်ဦးကိုတစ်ဦး ချစ်
စေခြင်း မုန်းစေခြင်း သွားစေခြင်း လာစေခြင်း တို့
ပြုလုပ်နိုင်ခြင်းမှာ ရေကြော မြေကြော လေကြော
စသည်တို့၏ ဆက်စပ်ခြင်းအကြောင်းများကြောင့်
တစ်ဦး၏ အစီအရင်သည် အခြားတစ်ဦးထံသို့
ဆက်သွယ်ရောက်ရှိလာကာ ထိခိုက်ဖြစ်မြောက်
နိုင်ပေသည်။
             ဓါတ်ဖိုနှင့် ဓါတ်မ အပူ အအေး ဖြစ်
မြောက်ထိခိုက်နိုင်အောင် ကြံဆောင်အားထုတ်
နိုင်လျှင် အောင်မြင်နိုင်သည်ဖြစ်ရာ မေတ္တာဓါတ်
ပို့လွှတ်ခြင်းကိုပင် ဥပမာထားလျက် တစ်ဦး၏
မေတ္တာဓါတ်အဟုန်ကို တစ်ဦးထံသို့ မေတ္တာတန်
ခိုးစေလွှတ်သည်ဟု ဆိုရပေမည်။
              ကျွန်ုပ်တို့ ဗုဒ္ဓဘုရားရှင်သည် လောကီ
ပညာရပ်ကို အထင်အရှားဟောကြားတော်မူခဲ့ပါ
၏။ "ဥတေန"ဇာတ်တော်တွင် ဥတေနမင်း၏
မန္တာန်အတတ်ဖြင့် ဆင်များကို ညို့ယူနိုင်ခြင်း။
"သဗ္ဗဒါဋ္ဌီသ"ဇာတ်တော်တွင် ပထဝီဇယ မန္တာန်
ကိုရသောမြေခွေးသည် ဗာရာဏသီမင်းအားစစ်
ထိုးခြင်း။ "ပဒကုသလ"ဇာတ်တော်တွင် သူခိုးခြေ
ရာကို စိန္တာမဏိ မန္တာန်ဖြင့်သိနိုင်ခြင်း။ ငါးရာ့ငါး
ဆယ်နိပါတ်တော်၌လည်း "မဟာဝေဒဗ္ဗမန္တာန်"
ဖြင့် ဓနသိဒ္ဓိနက္ခတ်စန်းယှဉ်သောကာလ၌
ကောင်းကင်သို့ကြည့်၍ ရွန်ဖတ်ပါလျှင် ရတနာ
ခုနှစ်ပါးမိုးရွာကြောင်း ပါရှိပါသည်။
              ဤသို့အထောက်အထားများအရ ဂါထာ
မန္တာန်များ လောကီဆရာတို့စီရင်သော ဂါထာ
မန္တာန်များပင် ဤသို့ အစွမ်းထက်မြက်လျှင်
မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်များကား ပို၍ပင်
အစွမ်းသတ္တိထက်မြက်မည်ဖြစ်ရာ အမြဲပင်ရွတ်
ဖတ်ပူဇော်သင့်ပေသည်။
              ရွှင်လန်းချမ်းမြေ့ပါစေ
                           

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment