"စေတနာ ဒါန"
ဒါနဟူသည် အလှု လှု၏ စသော အချို့
အရာ၌ ပေးကမ်းဖွယ် လှုဖွယ်ဝတ္ထုဖြစ်ရာ ထို့
ကြောင့် ဒါနမည်သော်လည်း စေတနာရှိမှပေးလှု
ဖြစ်ရာ စေတနာမရှိက အလှုမဖြစ် ထို့ကြောင့်
ဒါနဖြစ်မြောက်ရေးမှာ စေတနာက အကြောင်းဖြစ်
ရာ အလှုဖြစ်မြောက်ကြောင်း စေတနာကိုလည်း
ဒါနဟုဆိုကြောင်း ဘုရားရှင်ဟောတော်မူ၏။
ဒါနဖြစ်မြောက်ရေးအတွက် စေတနာပါမှ
ဖြစ်ရာ စေတနာဖြင့်ပေးလှုခြင်းသာ ဒါနမြောက်
၏။ သို့သော် ပစ္စည်း၌တွယ်တာသော လောဘရှိ
နေသူ၌ ဒါနမဖြစ် တွယ်တာမှုကင်းသော အလော
ဘရှိသူ၌သာ ဒါနဖြစ်ရကား ထို့ကြောင့် အလော
ဘ=ထိုစေတနာနှင့်ယှဉ်သော အလောဘ သာ
ဒါနဖြစ်ကြောင်းလည်း ဘုရားရှင်ဟောတော်မူ၏။
စေတနာဟူသော ဒါန၌ တစ်ပါးသူကို
ရည်၍ ဖြောင့်မှန်သောအသိဥာဏ်ရှေ့သွားရှိ
သော ပရိစ္စာဂစေတနာ ထမင်းအစရှိသော ဆယ်
မျိုးသော အလှုဝတ္ထုတို့ကိုစွန့်လှုကြောင်းဖြစ်၍
ဥာဏ်ရှေ့သွားရှိသော လှုကြောင်းစေတနာကို
ဒါနဟုဟောတော်မူ၏။
ဥာဏ်ရှေ့သွားရှိသည်ဆိုရာ၌ ကံ ကံ၏
အကျိုးကိုသိနားလည်သော အလှုကြောင့်
ကောင်းကျိုးရလိမ်မည်ကိုသိခြင်းပင်ဖြစ်ရာ ဤ
ဥာဏ်မပါပဲလှုသောအလှုကိုကား ဒါနမဖြစ်ဟု
မမှတ်ထိုက်ပေ။ အကောင်းဆုံးဥာဏ်ရှေ့သွားရှိ
သော ဥာဏသမ္ပယုတ်ကုသိုလ်ဖြစ်ရန်သာ ဆို
ခြင်းဖြစ်သည်။
ထိုဥာဏ်ပင်မရှိစေဦးတော့ ပုဂ္ဂိုလ်ကို
ကြည်ညိုခြင်း စသည်ဖြင့်ပေးကမ်းရာ၌ဒါနဖြစ်
သည်သာ ဥာဏဝိပ္ပယုတ်ဒါနတည်း။အချို့သော
ကလေးများ အချို့အရပ်ကလူများမှာ အကျိုးပေး
လိမ့်မည် မသိသော်လည်း ချစ်ခင်မြတ်နိုး၍ပေး
ခြင်း သနား၍ပေးခြင်း အများကောင်းကျိုးကိုလို
လား၍ပေးခြင်း စသည်ဖြင့်ရှိတတ်ရာ ထိုအပေး
မျိုးမှာလည်း ဒါနသာတည်း။
ကြောက်၍ပေးရခြင်း လာဘ်မြှော်ကိုး၍
ပေးခြင်း ချစ်ကြိုက်၍ ပိုးကြေးပမ်းကြေးပေးခြင်း
စသောအပေးမျိုးကား ဒါနမမည် ဒါနမဖြစ်သော
အပေးမျိုးသာ။
လောကတွင် မိမိပစ္စည်း၌ တွယ်တာတတ်
သည်မှာ ဓမ္မတာပင်ဖြစ်သော်လည်း ပုဂ္ဂိုလ်ကို
ကြည်ညိုသောအခါဖြစ်စေ မေတ္တာကရုဏာသက်
ရောက်၍ သူအကျိုးလိုလားသောအခါဖြစ်စေ
တွယ်တာမှုကို ဖြတ်တောက်နိုင်ကြ၏ ပေးနိုင်
ကမ်းနိုင်ကြ၏။
အလောင်းတော်များမှာ ပစ္စည်းဥစ္စာသာမ
က ကိုယ်အသက်ပါစွန့်နိုင်အောင် ရက်ရောကြ၏။
ယင်း၏အကြောင်းကား မေတ္တာ ကရုဏာပင်ဖြစ်
၏။ ထိုမေတ္တာ ကရုဏာကြောင့် ရက်ရောစွာစွန့်
လှုခဲ့ရာမှ အလောဘဇ္ဈာသယ ရင့်သန်လာသော
အခါ တွယ်တာမှု မရှိတော့ပေ။
မေတ္တာ ကရုဏာမထားနိုင်ခြင်း သဒ္ဓါ
နည်းပါးခြင်းကြောင့် အချို့သူတို့မှာ ပစ္စည်းတွယ်
တာတတ်ခြင်း။ မတွယ်တာလှသော်လည်း
မလှုလိုခြင်းဖြင့် ဒါနမဖြစ်တတ်။
သို့သော် ကြည်ညိုတတ်ခြင်း သူ့အကျိုး
လိုလားခြင်းရှိသူတို့မှာမူ မိမိအလွန်နှစ်သက်
သောပစ္စည်းကိုပင် နှမြောရမှန်း မတွေး ရက်ရော
စွာလှုဒါန်းနိုင်ကြကြောင်း ဘုရားရှင်ဟောတော်မူ
ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment