"လေးသုံးမျိုး"
(၁)ဗိုလ်နှစ်ထောင်နိုင်သော ဒဠှလေး
ထန်းပင်အပေါ်သားကိုလုပ်သောလေးဖြစ်
၏။ ထိုလေးညို့ကိုတင်ပြီးလျှင် ဝန်ကိုချည်၍လေး
ကိုင်းကိုကိုင်ပြီး ချီကြွသောအခါ ဗိုလ်နှစ်ထောင်
မြေမှလွတ်သည့်ကာလ လေးကိုင်းနှင့်လေးညို့
မြား တစ်ပြန်ခန့်ကွာလျှင် ဗိုလ်နှစ်ထောင်နိုင်
သျောလးမည်၏။ မြားတစ်ပြန်ထက်ကျယ်လျှင်
လေးပျော့သည်။မြားတစ်ပြန်ရှိအောင် မကျယ်
လျှင် လေးမာသည်။
ဤထန်းသားလေးကား အနောက်တိုင်း
ပြည် မဇ္ဈိမဒေသများတွင် ရှေးအခါက အမျာသုံး
စွဲကိုင်ဆောင်သောလေးဖြစ်ပြီး ဘုရားအလောင်း
တော် ဓမ္မပါလ ကိုင်ဆောင်သောလေးမှာ သားချို
ဖြင့်လုပ်သော အဆက်များစွာရှိသောလေးဖြစ်၏။
(၂)ဗိုလ်တစ်ထောင်တင်သောလေး
ဗိုလ်တစ်ထောင်တင်သောလေးသည်
မဟာဇနက္ကမင်းသား သိဒ္ဓတ္ထမင်းသားတို့တင်၍
ပစ်သောလေးဖြစ်၏။၎င်းလေးသည် လက်နက်
ကိုင်ဗိုလ်ခြေယောကျာ်းတစ်ထောင်တင်မှ ချမှ
ရသည်။ လက်နက်က်ုင်ကို ပါဠိလို=ဗလ မြန်မာ
လို ဗိုလ်ဟုခေါ်သည်။
(၃)လက်မောင်းတစ်ထောင် လက်နက်ကိုင်ငါးရာ
တင်သောလေး
ပဏ္ဍုမည်သော အိမ်ရှေ့မင်း၏သား
တော် ငါးယောက်တို့တွင် အဇ္ဇုနမင်းသားကိုင်
သောလေးမှာ လက်နက်ကိုင်လူငါးရာ လက်
မောင်းတစ်ထောင် တင်ရချရသောသဟဿဗာ
ဟု လေးဟူ၍ ဘူရိဒတ်ဇာတ်တော်တွင်ပါရှိသည်။
ယင်းလေးသုံးမျိုးမှာ ကျမ်းဂန်တွင်ထင်ရှား
သောလေးသုံးမျိုးဖြစ်ပြီး ရာမာယန ဇာတ်တော်
လာ ရာမမင်းသားကိုင်ဆောင်သော အတ္ထစန္ဒာ
လေးမှာ ဗိုလ်ခြေတစ်ထောင် တင်မှ ချမှ ရသော
လေးဖြစ်ပြီး ဘုရားအလောင်းတော် မဟာဇနက
မင်းကြီးကို သိကြားမင်းမှပေးသောလေးဖြစ်
ကြောင်း ဖေါ်ပြထားသည်။
က။မြားရေးကြီးလေးသွယ်
(၁)ဝင်္ကဝေဓိ
အကောက်အကွေ့ကြား မြားဝင်အောင်
ပစ်နိုင်သော မြားရေး။
(၂)စက္ကဝေဓိ
စကြာသဏ္ဍာန်ပေါ်လာအောင်ပစ်နိုင်
သော မြားရေး။
(၃)ခဂ္ဂဝေဓိ
သန်လျက်သွားကိုပင် ကွဲအောင်ပစ်
နိုင်သော မြားရေး။
(၄)ဝါလဝေဓိ
သားမြီးမွှေးမျှင်ကိုပင် မလွဲအောင်
ပစ်နိုင်သော မြားရေး။
ခ။တစ်နည်းဝေဓိလေးသွယ်
(၁)ဝါလဝေဓိ
သားမြီးမွှေးမျှင်ကို မှန်အောင်ပစ်နိုင်ခြင်း။
(၂)အက္ခဏဝေဓိ
မျက်စိတစ်မှိတ်အတွင်း မြား ၇ ချက်
၈ ချက်ပစ်နိုင်ခြင်း။
(၃)သဒ္ဒဝေဓိ
အသံကိုဖမ်း၍ မှန်အောင်ပစ်နိုင်ခြင်း။
(၄)သရဝေဓိ
ရှေ့မြားကိုနောက်မြားဖြင့်မှန်အောင်ပစ်
နိုင်ခြင်း။
ဂ။မြားရေးငယ်(၁၂)ပါး
(၁)သရပဋိဗာန/မြားကိုမြားခြင်းခတ်မိအောင်ပစ်
နည်း။
(၂)စက္ကမိဝ/မြားပတ်လည်၍ လက်ထဲဝင်လာ
အောင်ပစ်နည်း။
(၃)သရလဋ္ဌိ/မြားကို နွယ်ကဲ့သို့ကျအောင်ပစ်
နည်း။
(၄)သရ ရဇ္ဇု/ ကြိုးကဲ့သိုကျအောင် မြာပစ်နည်း။
(၅)သရဝေဓိ/မြားကိုမြားခြင်းမှန်အောင်ပစ်နည်း။
(၆)သရပါသာဒ/မြားကို ပြာသာဒ်ကဲ့သို့ကျ
အောင်ပစ်နည်း။
(၇)သရမဏ္ဍပ/မြား မဏ္ဍပ်ကဲ့သို့ကျအောင်ပစ်
နည်း။
(၈)သရသောပါက/မြားစောင်းတန်းကဲ့သို့ကျ
အောင်ပစ်နည်း။
(၉)သရပါကာရ/မြားတံတိုင်းကဲ့သို့ကျအောင်ပစ်
နည်း။
(၁၀)သရပေါက္ခရဏီ/မြားလေးထောင့်ကန်ကဲ့သို့
ကျအောင်ပစ်နည်း။
(၁၁)သရပဒုမ္မာ/မြား ပဒုမ္မာကြာပွင့်ကဲ့သို့ဖြစ်
အောင်ပစ်နည်း။
(၁၂)သရဝဿက/မြားမိုးရွစေသောနည်း။
ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသား
သည် ၎င်းလေးများ မြားရေးများသာမက အလို
ရှိပါက နတ်ပြည် ဗြဟ္မာ့ပြည်သို့ပင်
ရောက်အောင်ပစ်နိုင်ကြောင်း ဟောကြားတော်မူ
ထားရာ ပါရမီအရ သိရှိနိုင်ပေတော့သတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment