Thursday, November 17, 2016

ဆိုဆုံးမလွယ်သူ

"ဆိုဆုံးမလွယ်သူ"

        လောက၌ ဆိုဆုံးမခက်သူကို "ဒုဗ္ဗစ"ဆို၏။
ထိုပုဂ္ဂိုလ်များကား ဤအမှုကိုမပြုအပ်ဟု ပြော
လာသော် "သင်မြင်လား ကြားလား ဘယ်သူက
ပြောသလဲ" စသည်ဖြင့် အပြောမခံ ပြန်လှန်၍
ပြောဆိုတတ်၏။

         အရေးမလုပ်သလို ဆိတ်ဆိတ်သော်လည်း
နေတတ်၏။စကားကို လက်ခံသော်လည်း ဆို
သည့်အတိုင်း မကျင့်ပဲ လုပ်မြဲလုပ်နေတတ်၏။
ဤသူမျိုးကား တရားထူးရဖို့အရေး အလှမ်းဝေး
နေတတ်သူပင်။

           ဆိုဆုံးမလွယ်သူ"သုဝစ"ပုဂ္ဂိုလ်များကား
တစ်စုံတစ်ယောက်က ဆုံးမလာသော် အားရဝမ်း
သာစွာ လက်ခံတတ်၏။နောင်အခါလည်း ဆုံးမပါ
ရန်ပန်ကြားတတ်၏။ဆုံးမသည့်အတိုင်းလည်း
ကျင့်တတ်၏။ထိုသူမျိုးကား တရားထူးရဖို့ အလွန်
နီးကပ်သူများသာတည်း။

          အဆုံးအမခက်သူမှာ ဤသူ ငါ့အကျိုးစီးပွါး
လိုလားသူပါတကားဟု နားမလည်တတ် ဆရာ
လုပ်သည်ဟုထင်လျက် မနှစ်သက်တတ်
ထိုပုဂ္ဂိုလ်မျိုးမှာ "ထဒ္ဓမန"အဆုံးအမနှင့် ဆုံးမသူ
သို့ မလိုက်ပါ တင်းမာနေသောစိတ်ရှိနေသူ ပုဂ္ဂိုလ်မျိုးဖြစ်ရာ မေတ္တာဖြစ်ဖို့ မလွယ်သည့်
အပြင် အခြားကောင်းမြတ်သောအကျင့်တရား
များ ဖြစ်ရန်လည်း ဝေးကွာလှ၏။

           အဆုံးအမကိုလိုလားသူကား ဆုံးမတတ်
သူကို လေးစာမြတ်နိုးတတ်၏။ အဆုံးအမနှင့်
ဆုံးမသူတို့လိုက်လျောရန်အခန့်သင့် ပျော့ပျောင်း
နူးညံ့သော စိတ်ရှိနေရာ ထိုစိတ်မျိုးမှာမေတ္တာနှင့်
သဟဇာတဖြစ်သောစိတ်ထားပင်ဖြစ်၍ မေတ္တာ
တမင်မပွါးသော်လည်း မေတ္တာဖြစ်လျက်ရှိနေ၏။

               ထိုသူမျိုးမှာ အကျိုးစီးပွါးအစစ်အမှန်ကို
လိုလားတောင့်တသူမျိုးဖြစ်ရာ "ယထာဘူတံ
ဥာဏာယ သတ္တာ ပရိယေသိတဗ္ဗော=အမှန်တ
ရားသိဖို့ရာ ဆရာရှာရမည်" ဟူသော မြတ်ဘုရား
၏ ဆုံးမသြဝါဒစကားကို လိုက်နာရန်ဝန်မလေး၍
မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဧကန်နီးလျက်ရှိသူဟု
လေးစားစွာ နာယူမှတ်သားထိုက်ပေတော့သည်။

                             ရွှင်လန်းချမ်းမြေ့ပါစေ
                                 ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment