Thursday, November 17, 2016

"ဘာမီယန်တောင်ကြားမှ ကမ္ဘာ့အကြီးဆုံးရပ်တော်မူနှစ်ဆူ "

"ဘာမီယန်တောင်ကြားမှ
ကမ္ဘာ့အကြီးဆုံးရပ်တော်မူနှစ်ဆူ "

ဘာမီယန်တောင်ကြား (Bamiyan Valley)
တစ်ချိန်တုန်းက အာဖကန်နစ္စတန်ကို အာရှ၏အချက်အချာကျသောဒေသဟုသတ်မှတ်ကြသည်။ မြိုပြယဉ်ကျေးမှုထွန်းကားသော၊ဘူမိနက်သန်ဖြစ်သော ဘာမီယန်တောင်ကြားကိုလည်း အာဖကန်နစ္စတန်၏အဓိကအသည်းဟုခေါ်ဆိုကြသည်။ဘာမီယန်တောင်ကြားသည် ကိုဘော(Kobul)မြို့၏အနောက်မြောက်ဘက်၁၄၃မိုင်(ကီလိုမီတာ၂၃၀)အကွာ, အာရှတိုက်နိုင်ငံများနှင့် ဥရောပ၊မြောက်အာဖရိက၊မက်ဒီတေးရီယန် သို့ ကုန်သွယ်ရန်ဖောက်လုပ်ထားသောပိုးလမ်းမကြီး(Silk Road)ပေါ်တွင်တည်ရှိသည်။ ဟဇရမြေ (Hazara Land) ဟုခေါ်ဆိုပြီး ဟဇရ(Hazara Turko-Mongols) ဒေသခံလူမျိုးများနေထိုင်ကြသည်။ ကူရှန်အင်ပါယာ(Kushan Empire)၏ ဗဟိုချက်လည်းဖြစ်ခဲ့သည်။ အရှေ့တိုင်းမြို့ပြယဉ်ကျေးမှုနှင့် အနောက်နိုင်ငံများယဉ်ကျေးမှုတို့ပေါင်းဆုံဖလှယ်ရာနေရာလည်းဖြစ်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်မှပေပေါင်း ၈၂၀၂ ထက်တွင်တည်ရှိသောကြောင့် Roof of the world ဟုလည်းလူသိများသည်။ ၁၁ ရာစု ခေတ်တိုင်အောင်ဘာမီယန်ဒေသသည် ဂန္ဓာရတိုင်း၏အုပ်ချုပ်မှုအောက်တွင်တည်ရှိခဲ့သည်။ အေဒီနှစ်ရာစုခန့်တွင် ဘာမီယန်တောင်ကြားသည်ဗုဒ္ဓသာသာနာ၏အရေးကြီးသောဌာနတည်ခုဖြစ်ခဲ့သည်။

၂၄၇ခုနှစ်တွင် အာသောကမင်းကြီး (King Asoka) စေလွတ်သော ဓမ္မရက္ခိတမထေရ်၊
မဇ္ဇ န္တိကမထေရ်နှင့်မဟာရက္ခိတမထေရ်တို့ ဦးဆောင်သည့် သာသနာပြုအဖွဲ့ သည်
ဂန္ဓာရတိုင်း၊အာဖကန်နစ္စတန်နှင့်ပတ်ဝန်းကျင်ဒေသများသို့ရောက်ရှိချိန်မှစတင်၍ ဗုဒ္ဓသာသနာထွန်းကားခဲ့သည်။

အေဒီ ၄ ရာစုမှစ၍အေဒီ ၈ ရာစုနှစ်အထိဗုဒ္ဓသာသာနာ၏အရောင်အဝါအထွန်းကားဆုံးအချိန်ဖြစ်ခဲ့သည်။
အနယ်နယ်အရပ်ရပ်မှဗုဒ္ဓဘာသာဝင်များ၏ ဘုရားဖူးထွက်ရာ နေရာဖြစ်ခဲ့သည်။
များစွာသောဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတည်ရှိရာဒေသ၊ဗုဒ္ဓသာသနာစည်ပင်ပွားများရာဒေသ၊
တွေးခေါ်မှုဆိုင်ရာဖလော်ဆော်ဖီပညာရပ်တိုးတက်ရာဒေသနှင့်အိန္ဒိယလက်မူ့အနုပညာတို့ထွန်းကာရာဒေသဖြစ်ခဲ့သည်။

ဘာမီယန်တောင်ကြား၏သဲကျောက်တောင်နံရံတို့တွင်ထွင်းဖောက်တည်ဆောက်ထားသောတပါးကျောင်းဆောင်ငယ်များသည် ရဟန်းတော်များ၏တောရဆောက်တည်ပြီးကမ္မဌာန်းတရားပွားများအားထုတ်ရာနေရာများဖြစ်ခဲ့ကြသည်။
ထိုရဟန်းတော်များသည်မိမိတို့၏ကျောင်းနံရံတို့ကိုသာသနာနှင့်သက်ဆိုင်သည့်ပန်းချီကားတိုဖြင့်ရေးချယ်ခဲ့ကြသည်။

ခရစ်နှစ် ၆၃၂ခန့်က တရုပ်ဘုန်းတော်ကြီး ရှန်ဇန်(Xuan Zang)၏ခရီးသွားမှတ်တမ်းအရ ဘာမီယန်တောင်ကြားသည် များစွာသောဘုန်းကြီးကျောင်းပေါင်း နှင့်
ရဟန်းတော်ပေါင်းသောင်းချီ၍ရှိသော ဗုဒ္ဓသာသနာ၏အထွန်းကားဆုံးဗဟိုချက်ဖြစ်ကြောင်းဖော်ပြထားသည်။
သဲကျောက်တော်၏နံရံတွင်ထွင်းထုထားသောတောနေရဟန်းများကမ္မဌာန်းတရားအားထုတ်ရန်တပါးကျောင်းငယ်ပေါင်း၁၀၀၀ကျော်ရှိသည်။[ဒုက္ခသည်များသည် ထိုကျောင်းငယ်များကိုတွင် ယနေ့ထက်တိုင်ဆက်လက်နေထိုင်ဆဲဖြစ်သည်။]
ထိုရပ်တော်မူရုပ်ပွားတော်နှစ်ဆူကိုရွှေနှင့်အဖိုးတန်ရတနာတို့ဖြင့်စီခြယ်ပူဇော်ထားကြောင်းမှတ်တမ်းတင်ခဲ့သည်။
ထိုနှစ်ဆူတို့ထက်ပိုမိုကြီးမားသော(မီတာ၃၀၀ခန့်ရှည်လျားသော)လျောင်းတော်မူရုပ်ပွားတော်တစ်ဆူအကြောင်းလည်းဖော်ပြခဲ့သည်။
ထိုဘာမီယန်ရုပ်ပွားတော်တို့နှင့်လက်ရာတူသောထိုင်တော်မူရုပ်ပွားတော်တစ်ဆူသည်တရုပ်နိုင်ငံဂန်စုရွာဘန်လင်းဘုန်းတော်ကြီးကျောင်း(Bingling Temple)တွင်တည်ရှိသည်။

ကိုဘော(Kobul) မြို့တော်၏နောက်မြောက်ဘက်မိုင်၁၄၃ အကွာ ဘာမီယန်တောင်ကြားတွင် သဲကျောက် (Sandstone Cliffs )တောင်၏နံရံ၌
ထုဆစ်ထားသောအထင်ရှားဆုံးရပ်တော်မူရုပ်ပွားတော်နှစ်ဆူ၏အမည်မှာ ဝရောစန( Vairocana ) နှင့်သကျမုနိ( Sakyamuni) တို့ဖြစ်ကြသည်။မတူညီသည်မုဒြာပုံစံဖြင့်ထုဆစ်ခဲ့ကြသည်။
ဝရောစနရပ်တော်မူ၏ဥာဏ်တော်မှာ၅၅မီတာ(ပေ၁၈၀) အမြင့်ရှိပြီး၊ သကျမုနိရပ်တော်မူ၏ဥာဏ်တော်မှာ၃၇မီတာ(ပေ၁၂၁) အမြင့်ရှိသည်။ သကျမုနိရပ်တော်မူကို ရှမမ (Shamama) ဟုအရပ်သုံးစကားဖြင့်ခေါ်ဆိုပြီး-မိဘုရားကြီ၏မယ်တော်(Queen Mother)ဟုအဓိပ္ပါယ်ရသည်။ ဝရောစနရပ်တော်မူကို ဆယ်ဆယ်(Salsal) ဟုခေါ်ဆိုပြီး ဗုဒ္ဓ ဟုအဓိပ္ပါယ်ရသည်။

တည်ဆောက်ခဲ့သည့်ခုနှစ်

ကာဘွန်သက်တမ်းခန့်မှန်းနည်း(Carbon Dating) အရ
သကျမုနိဗုဒ္ဓ(ရပ်တော်မူငယ်)ကိုခရစ်နှစ်၅၀၇ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး၊ဝရောစနဗုဒ္ဓ(ရပ်တော်မူကြီး)ကို၅၅၄ခုနှစ်တွင်တည်ဆောက်ခဲ့သည်။
တရုပ်ဘုန်းတော်ကြီးရှန်ဇန် (Xuan Zang)က ခရစ်နှစ် ၆၃၂ ၌ တွေ့ ရှိခဲ့ကြောင်း သူ၏ခရီးသွားမှတ်တမ်းတွင်ဖော်ပြထားသည်။

ရပ်တော်မူရုပ်ပွားတော်နှစ်ဆူတည်ဆောက်ထားပုံ

သာသနာထွန်းကာခဲ့စဉ်ကရဟန်းတော်များတောရဆောက်တည်ကာသီတင်းသုံးခဲ့သော သဲကျောက်တောင်နံရံကိုထွင်း၍တည်ဆောက်ခဲ့သော ကျောင်းငယ်ကလေးများကို ယခုအခါ ဟဇရလူမျိုးဒုက္ခသည်များနေထိုင်ကြဆဲဖြစ်သည်။ ဟဇရမိသားစုများစွာသည် ထိုကျောက်တောင်များကြားတွင် ဂူအောင်းနေထိုင်သူများ(cave-dwellers) ယနေ့ထက်တိုင်ရပ်တည်ရှင်သန်နေထိုင်ခဲ့ကြသည်။

တရားဓမ္မကိုကြည်ညိုသောမင်းကောင်းမင်းမြတ်လက်ထက်တွင် ဒေသခံဗုဒ္ဓဘာသာရဟန်းတော်များကဦးဆောင်ကြီးကြပ်ပြီး ကုရှန်(Kushan)မင်းဆက်၌ ဟဇရ(Hazara Turko-Mongols) ဒေသခံလူမျိုးများကထုဆစ်တည်ဆောက်ခဲ့ကြသည်။အိန္ဒိယပြည်၊ဂန္ဓာရတိုင်းမှသုခလက်မှုပညာ(Gandhara art)လက်ရာဖြင့်အနုစိတ်မွန်းမံထားခဲ့သည်။

ထိုရုပ်ပွားတော်နှစ်ဆူမှာကျောက်ဆစ်လက်ရာများထွန်းကာသောခေတ်(stone carving)တွင်အပြောင်မြောက်ဆုံးသောလက်ရာဖြစ်ခဲ့သည်။
ရုပ်ပွားတော်၏ခန္ဓာကိုယ်တော်(Main Body)ကို သဲကျောက် (Sandstone cliffs)တောင်မှ ထွင်းယူခဲ့ပြီး အနုစိတ်လက်ရာများကိုရွံနှင့်ကောက်ရိုးတို့ဖြင့်ပုံပြုလုပ်ခဲ့သည်။ ဆဒ်ကို(stucco)
အမှုန့်မျိုးဖြင့်မွန်းမံ(Coated)လုပ်ခဲ့သည်။မျက်နှာတော်၊လက်ချောင်းတော်နှင့်သင်္ဃန်းတော်တို့ကဲ့သိုအနုစိတ်လက်ရာများကိုရွံ့ နှင့်ကောက်ရိုးတို့ဖြင့်ပုံပြုလုပ်ခဲ့ပြီးဆဒ်ကို(stucco)
အမှုန့်မျိုးဖြင့်မွန်းမံလိမ်းကျံ(Coating)ခဲ့သည်။ ရပ်တော်မူရုပ်ပွားတော်အကြီး(ဝရောစနဗုဒ္ဓ)ကို(Carmine Red) ကာမိုင်းအနီရောင်ဖြင့်ဆေးချယ်ပူဇော်ခဲ့ပြီး၊ရပ်တော်မူရုပ်ပွားတော်အငယ်(သကျမုနိဗုဒ္ဓ)
ကိုအရောင်မျိုးစုံတို့ဖြင့်ဆေးချယ်ပူဇော်ခဲ့သည်။လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင်ထိုဆေးရောင်နှင့်အနုစိတ်လက်ရာများမှာပျက်စီးယိုယွင်းခဲ့ကြသည်။

ရပ်တော်မူရုပ်ပွားတော်၏အောက်ပိုင်းလက်တော်ကိုလည်း (ခန္ဓာကိုယ်တော်အထက်ပိုင်းကဲသို့ပင်)သစ်သားဖြင့်
တည်ထားသောဘောင်ပေါ်တွင်ကောက်ရိုးခြောက်နှင့်ရွံတို့ဖြင့်ရောနှောတည်ဆောက်ခဲ့သည်။
မျက်နှာတော်၏အပေါ်ပိုင်းနေရာတွင်သစ်သားဖြင့်မျက်နှာဖုံးပုံစံမိုပြုလုပ်၍သွန်းလောင်းခဲ့သည်ဟုယူဆခဲ့ကြသည်။ဓါတ်ပုံပေါ်တွင်မြင်တွေရသောအပေါက်ငယ်အတန်းများစွာသည်
တည်ငြိမ်တောင့်တင်းမှုရရန်သုံးသော သစ်သားဖရိမ်ချောင်းများထည့်သွင်းရန်အပေါက်ငယ်များဖြစ်သည်။ [ဖောက်ခွဲဖျက်ဆီးခဲ့ပြီးသည်နောက် ရပ်တော်မူ၏(ပလာစတာ,ဖရိမ်အဖြစ်သုံးသောသစ်သားစ)အပိုင်းအစပေါင်း၃၀၀၀ကျော်ကိုပြန်လည်စုဆောင်းရရှိသည်။
အာဖဂန်ရာသီဥတု၏အပူချိန်မြင့်မားပြီးစိုထိုင်းဆနည်းပါးခြင်းသည်ထိုပလာစတာများနှင့်သစ်သားတို့ကိုနှစ်ပေါင်းများစွာကြာရှည်တည်တံ့စေခဲ့သည်။]

စဥ့်အုတ်သားဖြင့်ပြုလုပ်ထားသောတံဆိပ်များ၊လက်ဝတ်ရတနာများကိုဌာပနာထည့်သွင်းမြုတ်နှံခဲ့သည်။ ဗုဒ္ဓ၏အဆုံးအမများရေးသားအက္ခရာတင်ထားသည့် စဥ့်အုတ်များနှင့်သစ်ခေါက်ကို
ရပ်တော်မူရုပ်ပွားတော်အကြီး၏ရင်ဘတ်တော်နေရာတွင်တည်ဆောက်စဉ်ကထည့်သွင်းဌာပနာအဖြစ်ထည့်သွင်း မြုတ်နှံခဲ့သည်။
ရှေ့ပိုင်းဒေသ၏အထင်ရှားအကျော်ကြားဆုံးသောယဉ်ကျေးမူ့နေရာဖြစ်ပြီး UNESCO အဖွဲ့မှ World Heritage Site
အဖြစ်သတ်မှတ်ခဲ့သည်။ အန္တရာယ်ရှိသောနေရာတစ်ခုအဖြစ်လည်းသတ်မှတ်ထားသည်။

ရပ်တော်မူရုပ်ပွားတော်နှစ်ဆူဖျက်ဆီးခံရခြင်း
၂၀၀၁နှစ်မတ်လမှစ၍ တာလီဘန်တို့သည်သဲတောင်နံရံလိုင်ဂူပေါက်မှရပ်တော်မူနှစ်ဆူတို့အား တင့်ကားများ၊ဗုံးများနှင့်လေယာဉ်ပစ်မြောက်များဖြင့်မည့်ကဲ့သိုဖျက်ဆီးခဲ့သည်။
ပထမအဆင့်နေဖြင့်လေယာဉ်ပစ်အမြောက်များဖြင့်နေ့ပေါင်းများစွာပစ်ခတ်ခဲ့ကြသည်။
ထိုလက်နက်များမြောက်များစွာဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့သည်လည်း တာလီဘန်များမျှော်လင့်ထားသလောက် မပျက်ဆီးခဲ့ပေ။တခြားနိုင်များမှဖောက်ခွဲမူကျွမ်းကျင်သူများကလောရောက်ကူညီကာစနစ်တကျဖျက်ဆီးပေးခဲ့သည်။
နောက်ဆုံးတော့ ဒိုင်းနမိုက်တန်ပေါင်းများစွာ (၅၀၀၀၀ကီလို)ကိုရုပ်ပွားတော်၏ပခုံးတော်နှင့်လက်တော်တို့၏အောက်တွင်မြုတ်နှံပြီးတစ်ပြိုင်နက်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
၂၀၀၁နှစ် မတ်လ ၂၁ ရက်နေ့တွင် တာလီဘန်တို့ကတစ်စမကျန်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

နောက်ဆက်တွဲအတွေးများ

ရပ်တော်မူနှစ်ဆူကို ဒေသခံဗုဒ္ဓဘာသာရဟန်းတော်များနှင့်ဟဇရ(Hazara Turko-Mongols)လူမျိုးများက မြတ်ဗုဒ္ဓကိုကြည်ညို၍ လူသားများကုသိုလ်တရားတိုးပွားရန်အလို့ငှာသဒ္ဒါတရားထက်သန်စွာဖြင့်ထွင်းထုတည်ဆောက်ခဲ့သည်။

အီဂျစ်နှိင်ငံတွင်တည်ဆောက်ခဲ့သော ပိရမစ်များဆောက်လုပ်ပုံနှင့်များစွာခြားနားသည်။ ပိရမစ်များကို ဖာရိုဘုရင်တို့က တမလွန်ဘဝတွင်ကောင်းမွန်စွာနေထိုင်နိုင်ရန်ရည်ရွယ်၍ ကျွန်များကို ရက်စက်စွာခိုင်းစေပြီးဆောက်လုပ်ခဲ့ကြသည်။

လွန်ခဲ့သောနှစ်ပေါင်း၁၈၀၀ကျော်ခန့်ကအာဖကန်နစ္စတန်နိုင်ငံသည် မြတ်ဗုဒ္ဓ၏အဆုံးအမများကြောင့် မြိုပြယဉ်ကျေးမူထွန်းကာနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။               
                            copy
                            ကူးယူဖေါ်ပြခြင်းသာ။
                             ရွှင်လန်းချမ်းမြေ့ပါစေ
                              

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment