"ကောင်းကျိုးကျင့်သူ"
သတ်ခြင်း ခိုးခြင်းစသောအမှုများမှာ လောက
၌မင်းပြစ်မင်းဒဏ်လည်းခံရတတ်၏။သံသရာအ
ပြစ်ခေါ် အပါယ်ကျခြင်းလည်းဖြစ်ရ၏။ထို့အပြစ်
နှင့်တကွ ဖြစ်သောအလုပ်များဟုဆိုရပေမည်။
ထိုကဲ့သို့ မင်းပြစ်မင်းဒဏ်လည်းမရှိ အကု
သိုလ်လည်းမရှိသော အလုပ်များကို အပြစ်မရှိ
သော အလုပ်များ ဖြစ်ရာ ဥပုသ်စောင့်ခြင်း
ဝေယျာဝစ္စပြုခြင်း အများအရိပ်ခိုရန်သစ်ပင်စိုက်
ခြင်း အများသုံးဖို့ဥယျာဉ်တည်ခြင်း တံတား
ဆောက်ခြင်း လမ်းပြင်ခြင်း ရေတွင်းရေကန်တူး
ခြင်း စသောကောင်းမှုအလုပ်များတည်း။
မကောင်းသောအလုပ်များကြောင့် မြင်ရသူ
ခံစားရသူအားလုံး စိတ်မသက်မသာ ဆင်းရဲကြရ
၍ အမင်္ဂလာသာတည်း။
ဆိုခဲ့ပြီးသောကောင်းမှုများမူကား အများ
တကာ ကိုယ်ချမ်းသာစိတ်ချမ်းသာ သာယာ
ပျော်ရွှင်မှုကိုဖြစ်စေတတ်၏ အများကောင်းကျိုး
ပြုသူဖြစ်၍ အများ၏ ချစ်ခင်မြတ်နိုးခြင်း လေးစား
အားကျခြင်း ချီးမွမ်းခြင်းကို ခံရ၏။ မိမိမှာတွေ့
တိုင်း အာရုံပြုမိတိုင်း စိတ်ချမ်းသာရ၏ သေခါနီး
ထိုအာရုံများဖြင့်ကောင်းသော သုဂတိနိမိတ်ထင်
ကာ ကောင်းမြတ်သော ဘုံဌာနသို့ ရောက်ရမည်
သာတည်း။
လောက၌ ကိုယ်ကျိုးကျင့်သူ သူတစ်ပါး
အကျိုးကျင့်သူ ကိုယ့်ကျိုး သူကျိုးနှစ်မျိုးလုံးကျင့်
သူ နှစ်မျိုးလုံးမကျင့်သူဟု ပုဂ္ဂိုလ်လေးမျိုးရှိရာ
ကိုယ်ကျိုးသာကျင့်သူမှာ ဥစ္စာစသည် ပြည့်စုံချင်
ပြည့်စုံမည်ဖြစ်သော်လည်း စိတ်ချမ်းသာပျော်ရွှင်
မှုကား အပြည့်အဝရလိမ့်မည်မဟုတ်ပေ။ သူ့အ
ကျိုးသာ ကျင့်သူ၌မူကား မိမိအကျိုးအတွက်သော
ကဖြစ်ရသေး၏။
အကျိုးနှစ်မျိုးစလုံးကျင့်သူကား သောက
ကင်းဝေးအေးချမ်းသူဖြစ်ရ၍ နှစ်မျိုးလုံးမကျင့်သူ
ကား လောက၌ဆုံးရှုံးသူသာဖြစ်မည်တည်း။
အများအကျိုးအစဉ်ဆောင်ရွက်သူမှာ အများ၏
ချစ်ခင်လေးစားခြင်းခံရသည့်အပြင် မိမိ၏ထို
ကောင်းမှုများကို မြင်တွေ့ရတိုင်း စိတ်ကြည်နူး၍
ရွှင်မြူးဝမ်းသာကာ ပျော်ရွှင်ချမ်းမြေ့ရ၏။ ဘေး
ကင်းရန်ကင်း စိတ်ချမ်းသာခြင်းဖြင့် အစဉ်အမြတ်
ထွက်လျက်ရှိ၏။
တစ်ရပ်တစ်ရွာလုံးသာမက တစ်နိုင်ငံလုံး
တစ်ကမ္ဘာလုံး ထိုသူမျိုးတွေများလျှင် လောက
အလုံး၌ လူ လူချင်းမေတ္တာဖြင့် ဖွဲ့လျက်ရှိရာ
ကွဲပြားမှုမရှိ တစ်သားတည်းညီညွတ်စည်းလုံး
လျက်သာ ရှိမည်ဖြစ်ကြောင်း ရေးသားတိုက်တွန်း
အပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment