"အမျိုးမြတ်ကြောင်း အကျင့်ကောင်း"
ဤလောက၌ အချို့သောယောကျာ်း
မိန်းမတို့သည် လွန်စွာခက်ထန်မာန်ကြီးသည်ဖြစ်
၍ ရှိခိုးထိုက်သူကို မရှိခိုး ခရီးဦးကြိုဆိုထိုက်သူကို
မကြိုဆို နေရာပေးထိုက်သူကို နေရာမပေး လမ်း
ဖယ်ပေးထိုက်သူကို လမ်းမဖယ်ပေး ကောင်းစွာ
ပြုစုလုပ်ကျွေးထိုက်သူကို မပြုစုမလုပ်ကျွေး
အလေးအမြတ်ပြုထိုက်သောသူကို အလေး
အမြတ်မပြု မြတ်နိုးထိုက်သူကို မမြတ်နိုး ပူဇော်
ထိုက်သူကို မပူဇော် နွားပေနွားကတ်ကဲ့သို့ ကျင့်
ကြကုန်၏။
ထိုသူကား သူစွဲယူထားသောကံအရ သေ
လွန်သော် ငရဲသို့ကျရောက်ရ၏။ ငရဲသို့မရောက်
ပဲ လူဖြစ်စေကာမူ သူပြုသောကံအရ ဖြစ်ရာဖြစ်
ရာ ဘဝတိုင်း၌ ယုတ်ညံ့နိမ့်ကျသောအမျိုး သိမ်
ငယ်သောအမျိုး၌ ဖြစ်ရတတ်၏။
ရိုသေထိုက်သူကို ရိုသေခြင်းစသော
ဂါရဝတရားရှိသူကား သေလွန်သောအခါ နတ်၌
ဖြစ်ရခြင်း နတ်ပြည့်သို့မရောက်ပဲ လူဖြစ်ရသော်
ဖြစ်တိုင်းသောဘဝတို့၌ မြင့်မြတ်သော အမျိုးအ
နွယ်များ၌သာ အထက်တန်းကျကျလူဖြစ်ရ
ကြောင်း ဘုရားရှင်ဟောတော်မူ၏။
ဤသို့အားဖြင့် မာန်ထောင်နေသူများမှာ
၎င်းတို့နောင်ရေးအတွက်ဝန်လေးစရာပင်။ထို့
ကြောင့် ရိုသေထိုက်သူကို ရိုသေရမည်သာ။
အချို့ကရိုသေထိုက်သူအား အရိုအသေပြုရမည်
ကိုရှက်တတ်ကြ၏။ မရှက်သင့်သည်ကိုရှက်ခြင်း
သာ အမှန်ကား အဂါရဝ=မရိုသေခြင်းကိုသာရှက်
ရမည်ဖြစ်၍ကား ထိုဂါရဝတရားမဲ့သောသူကို
ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချကြမည်
ဖြစ်ရာ ထိုကဲ့ရဲ့မည်ကိုသာ တွေး၍ရှက်သင့်
ကြောင်း ဘုရားရှင်ဟောတော်မူပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment