"အဆုံးအမကို လိုလားသူ"
ရဟန်းတစ်ပါးဆွမ်းခံအပြန် ရေကန်ထဲဆင်း
ရေချိုးနေစဉ် ကြာပန်းရနံ့ကိုခံနေ၏။ နတ်တစ်ဦး
က "အရှင်-သူများမပေးပဲ ကြာပန်းကိုနမ်းနေသူ
မှာ ခိုးခြင်းတစ်မျိုးဖြစ်သော အနံ့သူခိုးဆိုရ
ကြောင်း" အပြစ်တင်၏။ ထိုအခါ ရဟန်းက "ကြာ
စွယ်တွေတူး ကြာပန်းတွေချိုးနေသူကို ထိုသို့မ
ပြောပဲ မချိုးမဖဲ့ပဲ အဝေးမှအနံ့ခံရုံသာခံနေသော
ငါ့အား ဘာ့ကြောင့် အနံ့သူခိုးဆိုရသနည်း"ဟု
မေး၏။ ထိုအခါနတ်က "ကြေးညှော်ပေးသော
အထိန်းသည်၏လက်နှီးကဲ့သို့ အပြစ်တွေများနေ
သူကို ပြောဖို့မလို အရှင့်ကိုသာပြောထိုက်ပါ
သည်။ အရှင်ကား အပြစ်ကင်းသူ စင်ကြယ်ခြင်း
ကိုလိုလားသူ သားမြီးဖျားလောက်အပြစ်ကို
တိမ်တိုက်ကြီးလောက် ထင်နေသူဖြစ်ပါသည်"ဟု
နတ်ကဆိုသော် "သင်ကား ငါ့ကိုကြင်နာသူဖြစ်
၍ နောက်သည်လို အပြစ်မျိုးမြင်လျှင်ပြောပါ" ဟု
ရဟန်းကဖိတ်၏။
နတ်ကလည်း "ငါ့ ပြောမည်သူရှိနေသား
ပဲ" ဟု ကြောင့်ကြမဲ့ဖြစ်မည်ကို စိုး၍ ငြင်းပယ်ခဲ့
သည်။ "တပည့်တော် အရှင့်ကိုမှီ၍ အသက်မွေး
သူလည်းမဟုတ် သုဂတိရောက်ကြောင်းတရား
ကို အရှင်သာသိအောင်ကြိုးစားပါ"ဆိုလျက်ကွယ်
ခဲ့လေသည်။ ဤအရှင်မြတ်ကား ဘာမဟုတ်
သောအပြစ်ကလေးကို အကြီးအကျယ်လုပ်ပြော
နေသောနတ်ကို အကျိုးလိုလားသူအဖြစ်ထားကာ
လိုက်နာသည်မှာ မှတ်သားဖွယ်ဖြစ်ရ၏။ ဤသို့
ပင် မိမိကောင်းကျိုးကို အမှန်တကယ်လိုလား
လျက် ပြောဆိုဆုံးမတတ်သော ဘုရားရှင်နှင့်
သံဃာတော်အရှင်မြတ်များ မိဘ ဆရာသမားများ
ပညာရှိသူတော်ကောင်းများ၏ ဆိုဆုံးမဟော
ကြားသော တရား စကားများကို အကြင်သူသည်
အဘယ်မှာလျှင် မလိုက်နာ မကျင့်သုံးပဲ ရှိပါအံ့နည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment