"ဂါရဝ နှင့် နိဝါတ"
တရားမသိသူ၌ ဂါရဝမှုကို အောက်ကျသည်
ဟု အထင်အမြင်မှားနေသော်လည်း ဂါရဝသည်
အလွန်မွန်မြတ်သောတရား တစ်ခုဖြစ်ရာ တရားပို
သိလေလေ ဂါရဝတရား ပိုရှိလေလေဖြစ်၏။
အရှင်သာရိပုတ္တရာသည် အရှင်အဿဇိ၏
တရားဖြင့် သောတာပန်ဖြစ်ရသည့်အခါကစ၍
အရှင်အဿဇိရှိရာအရပ်သို့ရည်မှန်းကာ လက်
အုပ်ချီလျက် အမြဲရှိခိုး၏ ဦးခေါင်းထားကာအိပ်
လေ့ရှိ၏။ မသိသောရဟန်းများက အရှင်သာရိပု
တ္တရာ ယနေ့တိုင်အယူမှားနေသေးသည် အရပ်
မျက်နှာတွေကိုရှိခိုးနေသေးသည်ဟု ဘုရားရှင်
အားလျှောက်ရာ ဘုရားရှင်က သာရိပုတ္တရာ အ
ရပ်မျက်နှာတွေရှိခိုးနေခြင်းမဟုတ် မိမိ၏ဆရာ
အဿဇိကိုရှိခိုးကြောင်းမိန့်တော်မူ၏။ ဤတွင်
အရှင်သာရိပုတ္တရာ၏ ဂါရဝတရား ထားပုံ တွေ့
မြင်နိုင်၏။
ဂါရဝ နှင့် နိဝါတ တရားတို့ မကင်းပဲ ဆက်
စပ်လျက်ရှိရာ နိဝါတ ရှိသူ၌သာ ဂါရဝ တရားရှိ
နိုင်၏။ နိဝါတမှာ ခက်ထန်ထောင်လွှားသောစိတ်
ကိုနှိမ်ချခြင်းတရားဖြစ်ရာ ကိုယ်ကိုနှိမ်ချခြင်းမှာ
စိတ်ကိုနှိမ်ချပြီးမှ ဖြစ်နိုင်၏။
မာနရှိသောစိတ်မှာ မြင့်ထောင်တက်နေ
ရာ ထိုစိတ်ရှိသူတို့ အလွန်ထောင်လွှားမောက်မာ
လျက် အပြောအဆို မောက်မာရိုင်းပျခြင်း မိမိ
ကိုယ်ကို မြှောက် သူတစ်ပါးကိုနှိမ်တတ်၏။
အမျိုး ပညာ အာဏာ ဥစ္စာစသော ဂုဏ်များဖြင့်
မိမိအောက်နိမ့်ပါးသောသူများကိုသာမက မြင့်
မြတ်စင်ကြယ်သော သူတော်ကောင်းများကိုပင်
မထီမဲ့မြင်ပြုတတ်ကြ၏။ ကိုယ်အမူအရာလည်း
ဘယ်သူ့မှ အရေးမစိုက်သကဲ့သို့ မောက်ကြွား
ထောင်လွှားတတ်ကြရာ ထိုအမူအရာများမှာ အ
များမုန်းဖွယ်ရာဖြစ်၍ အမင်္ဂလာသာဖြစ်ကြောင်း
ဘုရားရှင်ဟောတော်မူ၏။
နိဝါတ တရားရှိ၍ ကိုယ်စိတ်နှိမ်ချသူမှာ
ကိုယ် နူတ် နှလုံးသုံးပါးလုံး၌ ယဉ်ကျေးသိမ်မွေ့
လျက်ရှိရာ အများအလယ် စိတ်ချမ်းသာဖွယ်ဖြစ်
ရလျက် သူတော်ကောင်းတို့ ချီးမွမ်းမကုန်အောင်
ဖြစ်ရ၏။
မာနထောင်လွှားလျက် ငါသာ ငါ့ပြင်
ဘာမထင် ဖြစ်နေသူများကား အဘယ်မှာလျှင်
ပညာရှိသူတော်ကောင်းတို့အား ဂါရဝပြုနိုင်ပါအံ့
နည်း။ အမျိုး အဏာ ဥစ္စာ အနွယ်အားဖြင့် ခက်
ထန်သူမှာ မိမိဆွေမျိုးသားချင်းကိုပင် မထီမဲ့မြင်
ပြုတတ်ရာ ထိုအမှုကြောင့် နောက်အခါ မိမိဆွေ
မျိုးများက မိမိကို အရေးမစိုက်ပစ်ပယ်ကြသည့်
အပြင် မိမိပျက်စီးအောင်ပင် ပြုတတ်ကြ၍ ပျက်စီး
ခြင်းအကြောင်းဖြစ်သော ခက်ထန်ထောင်လွှား
ခြင်းကို မပြုသင့် ရှောင်ရှားဖွယ် အမင်္ဂလာဖြစ်
ကြောင်းဟောတော်မူခဲ့သည်။
အရှင်သာရိပုတ္တရာ၏ နိဝါတ တရားကား
လေးစားအားကျဖွယ်ကောင်း၏။ ဤအရှင်မြတ်၏
သင်္ဃန်းဝတ်ပုံ မညီမညွတ်ဖြစ်နေသည်ကိုမြင်
သော ခုနှစ်နှစ်အရွယ်သာမဏေငယ်၏ လျှောက်
တင်သော စကားကို အလေးအမြတ်ပြုလျက် မိမိ
ကိုယ်ကို ပြင်ဆင်ဝတ်ရုံကာ "သည်လောက်ဆို
ရင်သင့်တော်ပါ၏လားဆရာ"ဟု ရိုသေစွာလက်
အုပ်ချီလျက် မိန့်ကြားပုံမှာ စံနမူနာယူထိုက်၏။
ထို့ပြင် အရှင်မြတ်က ထိုနေ့၌ပင်ဖြစ်သော ခုနှစ်
နှစ်အရွယ်သာမဏေက ဆုံးမလာလျှင် ထိုအဆုံး
အမကို ဦးခေါင်းထက်မှာ ခံယူပါကြောင်း" နိဝါတ
တရားနှင့်ပြည့်စုံတော်မူသော အရှင်သာရိပုတ္တရာ
မထေရ်မြတ်ကဲ့သို့ အကျင့်ကောင်းမြတ်ကို စံနမူ
နာယူအပ်ပါကြောင်း တိုက်တွန်းအပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
Credit မပျက်စေပဲ၊ ပြန်လည် ဖြန့်ဝေပါရစေ။
ReplyDelete