"ဝိဇ္ဇာ စရဏ သမ္ပန္နော"
နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ပဋိပတ်
ကို စရဏဟုခေါ်ပြီး တရားကိုယ်အားဖြင့် သီလ
သမာဓိ နှစ်ပါးဖြစ်သည်။၎င်းစရဏဖြင့် ရင်းနှီး၍
ရအပ်သော အရိယာဥာဏ်ကို ဝိဇ္ဇာ ဟုခေါ်သည်။
ဤတရားဖြင့် နိဗ္ဗာန်တည်းဟူသောအရပ်ဋ္ဌာနသို့
သွားကြရကုန်၏။ထိုသို့နိဗ္ဗာန်သို့သွားရောက်
ကြောင်းဖြစ်သောကြောင့် စရဏ မည်၏။
ဝိဇ္ဇာဆိုသည်မှာ ပကတိဖြစ်သော ပုထုဇဉ်
အပေါင်းတို့၏ သိခြင်းငှာ မစွမ်းနိုင် အရိယာပုဂ္ဂိုလ်
တို့၏ ဥာဏ်အမြင်ဖြင့် သိမြင်ထိုက်သော အရိယ
မဂ်ဥာဏ်ကို သိမြင်နိုင်ခြင်းကြောင့် ဝိဇ္ဇာဟုခေါ်ပါ
သည်။မြတ်စွာဘုရား၏ သာသနာတော်မြတ်၌ ဤ
စရဏတရား ဝိဇ္ဇာတရားတို့ဖြင့်ပြည့်စုံကုန်မှသာ
လျှင် မဂ်ဖိုလ်နိဗ္ဗာန်တို့၏ အရသာကို သုံးဆောင်
ခံစား နိုင်ကြကုန်၏။
ဤဝိဇ္ဇာစရဏ နှစ်ပါးတွင် တစ်ပါးပါးချို့
တဲ့သည်ဖြစ်စေ နှစ်ပါလုံးချို့တဲ့သည်ဖြစ်စေ မဂ်
ဖိုလ်နိဗ္ဗာန်၏ အရသာကို ခံစားနိုင်ကြမည်မဟုတ်
ပေ။
အဓိကအားဖြင့် စရဏ အသင်ပင်းသို့
သက်ဝင်သော ပါရမီမျိုးနှင့် ဝိဇ္ဇာအသင်းပင်းသို့
သက်ဝင်သော ပါရမီမျိုးဟူ၍ နှစ်မျိုးရှိသည်။
စရဏအသင်းပင်းသို့ သက်ဝင်သောပါရမီမျိုးဆို
သည်ကား ခန္ဓာနာမ်ရုပ်တို့ကို လေ့လာသင်ကြား
မှုမရှိ ဝိပဿနာရှုပွါးခြင်းတို့မှကင်းသော ဒါန
သီလ သမာဓိ ဘာဝနာမှု များကို စရဏအသင်း
ပင်းသို့ သက်ဝင်သောပါရမီဆိုသည်ဟုမှတ်ရ
ပါမည်။
ဝိဇ္ဇာအသင်းပင်းသို့သက်ဝင်သောပါရမီ
ဆိုသည်ကား ခန္ဓာ အာယတန ဓါတ်စသော အတ္တ
မှ ဆိတ်သည့် သုညတ တရားတို့ကို နာကြား
သင်ကြားခြင်း ဝိပဿနာရှုဆင်ခြင်၍ အားထုတ်
ခြင်း သူတပါးတို့အား ခန္ဓာနာမ်ရုပ်တို့နှင့်စပ်သော
သုညတ တရားတို့ကို ဟောကြားခြင်း အစရှိသော
ဆောင်ရွက်ချက်များကို ဝိဇ္ဇာအသင်းပင်းသို့
သက်ဝင်သော ပါရမီဟူ၍မှတ်ရပါမည်။
အကြင်ပုဂ္ဂိုလ်တို့သည် ရှေးရှေးသော
ဘုရားရှင်တို့၏ သာသနာနှင့် ကြုံတွေ့ရသောအခါ
ဤနှစ်ပါးသောပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးဖူး
ကြလေကုန်၏။ထိုပုဂ္ဂိုလ်တို့သည် နောင်ဘုရား
ရှင်တို့၏ သာသနာတော်နှင့် တွေ့ကြုံသောအခါ
ဤဝိဇ္ဇာ စရဏ နှစ်ပါးနှင့်ယှဉ်သောအရင်းအနှီး
ရှိကြကုန်သောကြောင့် မဂ်ဖိုလ်တည်းဟူသော
အကျိုးထူး ဝိသေသ ဝိမုတ္တိ နိဗ္ဗာန်ချမ်းသာသုခ
ကို ခံစားကြရကုန်၏။
အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂ
လ္လာန် ခေမာ ဥပ္ပလဝဏ် စသော ပုဂ္ဂိုလ်ထူးများ
အနာထပိဏ် စိတ္တသူကြွယ် ဝိသာခါ ဥတ္တရာ
သုဘဒ္ဒါ ယသောဓရာ စသောပုဂ္ဂိုလ်ထူးများကဲ့သို့
အကျိုးထူးများကို ခံစားနိုင်ကြပါစေရန် ပါရမီ
ထိုက်သော ဝိဇ္ဇာ စရဏ နှစ်ပါးကို သေချာစွာ
မှတ်သားအားထုတ်စေလိုပါသည်။
သဒ္ဓါနှင့်ပညာသည် ညီမျှရန်ခက်ခဲ
သည် သဒ္ဓါသည် သံသရာခရီးကို သွားရာ၌
အခြေအတောင်စုံသောကြောင့် ပြည့်ပြည့်စုံစုံ
အထက်တန်းကျကျ ကျင်လည်ခွင့်ကိုပေးသည်။
ဝိဇ္ဇာဂိုဏ်းဝင်ဖြစ်သောပညာသည် နက်နဲသော
သဘောအဓိပ္ပါယ်များကို သိကျွမ်းနားလည်စေ၏။
အသိ အလိမ္မာဥာဏ်ပညာ၏ ပြည့်စုံမှုကိုဖြစ်စေ
၏။ထို့ကြောင့် အကြင်ပုဂ္ဂိုလ်တို့သည် ဝိဇ္ဇာ
စရဏ နှစ်ပါးဖြင့် သံသရာဝဋ်တွင်းမှ ထွက်
မြောက်တော်မူကြပါစေကုန်သတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment