Thursday, November 17, 2016

"နူးညံ့ပျော့ပျောင်းသူ"

"နူးညံ့ပျော့ပျောင်းသူ"

            မုဒု=နူးညံ့သူ ဟူသည်မှာ ဖရုသ=ကြမ်း
တမ်းခြင်း၏ ဆန့်ကြင်ဘက် နူးညံ့သိမ်မွေ့ခြင်း
ကို ဆိုလိုသည်မဟုတ်။ထဒ္ဓ=ခက်ထန်ခြင်း တင်း
မာခြင်း၏ ဆန့်ကြင်ဘက် နူးညံ့ပျော့ပျောင်းခြင်း
ကို ဆိုလိုသည်။
        
           ပဋိပတ်၌ကျင့်ရန် ပျင်းရိဆုတ်နစ်သူ သဒ္ဓါ
နည်းသူ စသည်တို့မှာ ထိုထိုအကျင့်များသို့
မရောက်နိုင်တော့ပဲ တင်းမာနေသူများပင်တည်း။
သဒ္ဓါဆန္ဒရှိသူ စိတ်အားထက်သန်၍ ဝီရိယရှိသူ
များကား ထိုထိုအကျင့်တရားတို့၌ လိုက်လျောပါ
သွားလောက်အောင် နူးညံ့ပျော့ပျောင်းနေသူများ
တည်း။

            ထို့ကြောင့် ခက်ထန်ခိုင်မာနေသူ တင်းမာ
နေသူကား ပရိကံ (ပြုပြင်စီမံမှု)မပြုရသေးသော
ကြောင့် လိုရာအတည်ပြုလုပ်ရန် အသင့်မဖြစ်
သေးသည့် သတ္တုရိုင်းကဲ့သို့ပင် ဤမေတ္တာဘာဝ
နာ စသောအမှု၌ လိုက်ပါမည်မဟုတ်ပေ။

              နူးညံ့ပျော့ပျောင်းသူကား ပြုပြင်စီမံဖန်
တီးထား၍ လိုရာအထည်တန်ဆာဖြစ်ရန် အသင့်
ဖြစ်နေအောင် ပျော့ပျောင်းနေသောရွှေစင်ပမာ
မေတ္တာဘာဝနာစသော ပဋိပတ်အမှု ပြုလိုတိုင်း
ပါအောင် ဆောင်လိုသမျှလိုက်အောင် နူးညံ့ပျော့
ပျောင်းလျက်ရှိ၏။

              ကိုယ်အမူအရာ နူတ်အမူအရာ နူးညံ့
သောပုဂ္ဂိုလ်မျိုးမှာ သိမ်မွေ့ပြေပြစ်၍ ချစ်မြတ်နိုး
ဖွယ်ရာ ဆိပ်ကမ်းကောင်းပမာ အများလွယ်ကူ
သက်ရောက်ခိုဝင်ရာဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုးမှာ
မျက်မှောင်မကြုတ် ပေါ်လွင်ရွှင်ပျသောမျက်နှာ
ရှိခြင်း ချိုမြသာယာနားချမ်းသာသောစကားရှိခြင်း
ပွင့်လန်းသောမျက်နှာဖြင့် ပဋိသန္တာရပြုတတ်ခြင်း
စသောဂုဏ်များကြောင့်ပင် မေတ္တာ၏ သဘာဝ
များ ရှိနေပြီးဖြစ်ရာ မေတ္တာဘာဝနာဖြစ်ရန်
အလွန်လွယ်ကူလျက်ရှိပေတော့သည်တကား။

                        ရွှင်လန်းချမ်းမြေ့ပါစေ
                                    ပါရမီစခန်း ပညာလမ်း

No comments:

Post a Comment