"ကေတုမာလာရောင်လျှံတော်"
ဘုရားအလောင်းတော်မြတ်သည် အနော်
မာသောင်ကမ်းသို့ရောက်သောအခါ ငါ၏ ဤဆံ
ပင်တို့ကား ရဟန်းတို့နှင့် မသင့်လျော် မလျောက်
ပတ်ကုန် ထိုဆံပင်တို့ကို ဖြတ်အံ့ဟု ကြံစည်တော်
မူကာ လက်ယာလက်ဖြင့် သန်လျက်ကိုကိုင်
လျက် လက်ဝဲလက်ဖြင့် မကိုဋ်နှင့်တကွ ဆံတော်
ထုံးကို ဖြတ်လေ၏။
ဆံတော်တို့မှာ လက်နှစ်သစ်ပမာဏအညီ
အမျှ ကြွင်းကျန်ရစ်ပြီး လက်ယာရစ်လည်ကာ
ဦးခေါင်းတော်၌ ကပ်ညိတည်ရှိနေ၏။ ထိုဆံတော်
တို့၏ပမာဏကား အသက်ထက်ဆုံးပင် အသစ်
တစ်ဖန်မရိတ်ပယ်ရပဲ ထိုလက်နှစ်သစ်ပမာဏ
သာရှိ၏ဟု ဗုဒ္ဓဝံသအဋ္ဌကထာ(၃၃၂)၌လာရှိပါ
တယ်။
ထိုဆံတော်များ လက်နှစ်သစ်ပမာဏ လက်
ယာရစ်လည်ကာ ဦးခေါင်းတော်၌ ရာသက်ပန်
တည်နေခြင်းကပင် ရဟန်းတော်တို့ဆံပင် တည်
နေပုံထက်ထူးခြားနေ၏။ ရဟန်းတော်များလည်း
ဆံပင် လက်နှစ်သစ်သို့မဟုတ် နှစ်လအထိ ဆံ
ပင်မရိတ်ပဲထားနိုင်၏။
ဘုရားရှင်၏ လက္ခဏာတော်ငယ်ရှစ်ဆယ်
တွင် "ကေတုမာလာရောင်လျှံတော်"ဟု ထူးခြား
သည့် လက္ခဏာတစ်ရပ် ပါရှိပါသည်။ မြတ်ဗုဒ္ဓ
ဘုရားရှင်၏ ဦးထိပ်တော်၌ တည်ရှိထွန်းတောက်
နေသော ရောင်လျှံတော်အစု တည်းဟူသောလ
က္ခဏာတော်ရှိကြောင်း သာရတ္ထဒီပနီ ပဋ္ဌမတွဲ
(၁၂၅)၌ "ကေတုမာလာရောင်လျှံတော် ဟူသည်
ကား ဦးခေါင်းမှထွက်၍ ဦးထိပ်တော်၏အထက်၌
အစုဖြစ်လျက်ထင်သော ရောင်ခြည်တော်အစု"
ဟူ၍လည်းကောင်း "ထိပ်အလယ်၌ ထင်ရှားစွာ
မြင့်မောက်နေသာ နေရာ"ဟူ၍လည်းကောင်း
ပါရှိပါတယ်။
ဦးခေါင်းတော်မှထွက်ကာ ထိပ်အလယ်၌
အစုဖြစ်လျက်ထင်သော ရောင်ခြည်တော်အစုကို
ထင်ရှားစေလို၍ဖြစ်စေ သို့မဟုတ် ပကတိဦးထိပ်
တော်အလယ်၌ မြင့်မောက်နေသောနေရာကို
ထင်ရှားစေလို၍ဖြစ်စေ ဘုရားရှင်၏ ဆံတော်ပုံတို့
၌ ဆံထုံးကဲ့သို့ အမို့အမောက် အချွန်များဖြင့်ရေး
ဆွဲထုလုပ်လျက် ခေတ်အဆက်ဆက်ပူဇော်လာ
ကြ၏။
မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် ဦးခေါင်း
တော်မှထွက်သော ကေတုမာလာရောင်လျှံတော်
သည် အထက်သို့ထွက်၍နေကြောင်း သာသနာ
နှစ်ငါးရာကျော်မှ ဘုရားပုံတော်ကို ဂုပ္တအရပ်တွင်
စတင်ထုလုပ်ကာ ထိုကေတုမာလာရောင်လျှံ
တော်ကိုယ်စား ပုံတော်ဦးထိပ်၌ အထက်သိုချွန်
ထွက်လျက်ပုံဖေါ်ထားသည်။
ထိုသို့ပုံဖေါ်ထားသဖြင့် နောင်တွင်ပုံတော်
အတိုင်း အချွန် အမို့စသည်ဖြင့်အမျိုးမျိုးထုလုပ်ပူ
ဇော်ရာမှ သျှောင်တော်ကဲ့သို့ အမို့အမော်ဖြစ်၍
လာကြောင်း ထိုင်းကမ္ဘောဒီးယားစသော အရှေ့
တိုင်းပုံတို့တွင် ဘုရားဦးထိပ်တော်၌ထောင်နေ
သောအပြားပုံ မီးလျှံပုံများ ထုလုပ်ပူဇော်ထားကြ
ကြောင်း တွေမြင်ရပေသည်။
ထိုအစဉ်အလာအတိုင်းပင် ကေတုမာလာ
ရောင်လျှံတော်ပုံကို သျှောင်ထုံးပုံကဲ့သို့ထုလုပ်ရာ
မှ ဘုရားပုံတော်၌ သျှောင်ထုံးရှိသည်ဟု ယခု
ခေတ်လူတို့ ယူဆလာကြပေ၏။ သျှောင်ထုံးမ
ဟုတ် ကေတုမလာရောင်လျှံတော်ဟု မှတ်ယူရ
မည်။"ဒက္ခိဏတော အာဝဋမာနာ"ဟု ဗုဒ္ဓဝင်အဋ္ဌ
ကထာစကားရ လကျာ်ရစ်ခွေလိပ်၍ဟူသည့်အ
တိုင်း ဦးခေါင်းတော်၌ လကျာ်ရစ်ခွေနေသော
ပိန္နဲဆူးသဏ္ဍာန်များ ရှေးဆင်းတုတော်များတွင်
တွေ့ရပြီး မှန်ကန်သောအယူ အဆ ဖြစ်ကြောင်း
ပညာရှင်တို့ ပြောကြားခဲ့ကြောင်း သိရှိခဲ့ရပါ
သတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment