"ထီးကျိုးစည်းပေါက် ထီးနန်းပျောက်"
ထီးကျိုး
ဘုရင်၏ဇာတာတော်၌ပါသော ထီးဖြူ
နက္ခတ်အား မကောင်းသောပါပဂြိုဟ်တို့ ဝင်
ရောက်စီးနင်းသောကြောင့် ထီးဖြူတိုင်ကျိုးသည်
ထီးကျိုးသည်။
စည်ပေါက်
ရည်ညွန်းချက်မှာ(စည်း)ကိုမဆိုလို
"စည်"ကိုသာဆိုလိုပြီး ဘုရင်၏ဇာတာတော်၌
ပါသော စည်တိုင်နက္ခတ်အား ပါပဂြိုဟ်ဆိုးတို့
စီးနင်းသောကြောင့် စည်တိုင်နက္ခတ်ပေါက်ခြင်း
ဖြစ်သည်။
"စကြဝဠာထီးသုံးစင်း"
အသီတိဓါတ်ကျမ်း၌လာသော ထီးသုံးစင်း
မှာ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိပင် ဗောဓိ
မဏ္ဍိုင်ကိုဗဟိုပြု၍ ဤစကြဝဠာကြီးအား
(၁)ဂဇာဒီပထီး
(၂)အဿဒီပထီး
(၃)နရာဒီပထီး ဟူ၍ ထီးသုံးစင်းဖြင့်ပိုင်းခြားထား၏။
(၁)ဂဇာဒီပထီး
မဟာဗောဓိပင်၏ အရှေ့မြောက်ဘက်
ဆင်တို့ပေါသောတိုင်းပြည်အစုစုကိုဆိုပြီး ၎င်း၌
အုပ်စိုးသောမင်းများအား ဂဇာဒီပမင်းများဟုခေါ်
သည်။
(၂)အဿဒီပထီး
မဟာဗောဓိပင်၏ အနောက်တောင်ဘက်
တွင်ရှိသော မြင်းတို့ပေါများသောတိုင်းပြည်အစုစု
ကိုဆိုပြီး ၎င်း၌အုပ်စိုးသောမင်းများအား အဿဒီပ
မင်းများဟုခေါ်သည်။
(၃)နရာဒီပထီး
မဟာဗောဓိပင်၏ အရှေ့တောင်ဘက်
တွင်ရှိသော လူတို့များပြားသော တိုင်းပြည်အစုစု
ကိုဆိုပြီး ၎င်း၌အုပ်စိုးသောမင်းများအား နရာဒီပ
မင်းများဟုခေါ်သည်။
"ထီးနန်းပျောက်"
အထက်ဖေါ်ပြပါထီးသုံးစင်းတွင်
ဤမဟာဗောဓိပင်၏ အရှေ့တောင်အရပ်တွင်ရှိ
သော နရာဒီပထီးအား ပါပဂြိုဟ်တို့ဝင်ရောက်စီး
နင်းခြင်းကြောင့် ၎င်းအရပ်ရှိ တိုင်းပြည်အစုစုတို့
အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီနယ်အဖြစ်
ကျရောက်ခဲ့ကြောင်းရည်ညွန်းထား၏။
မှတ်ချက်
ထီးကျိုးစည်းပေါက် ထီးနန်းပျောက်ခြင်းမှာ
ယေဘုယျအားဖြင့် ဂြိဟ်နက္ခတ်တို့၏ ရွေ့ပြောင်း
ခြင်း စီးနင်းခြင်းတို့နှင့် သက်ဆိုင်သည် ဆိုထား
သော်လည်း စေတနာကံသည် အလုပ်ဖြစ်ရာ
မင်းများစည်းကမ်းတကျမအုပ်ချူပ်လျှင်သော်
လည်းကောင်း ပြည်သူအများစည်းကမ်းမရှိလျှင်
သော်လည်းကောင်း တိုင်းပြည်ဆူပူလျက် ပျက်
စီးကြောင်း အဆိုမှာ ပို၍မှန်ကန်ကြောင်းဆိုရပါ
မည်။
သို့ဖြစ်ပါ၍ မင်းလည်းစည်းကမ်းတကျအုပ်
ချူပ်၍ ပြည်သူအများလည်း မျှတကောင်းမွန်
သောစည်းကမ်းကောင်းများကို လိုက်နာခြင်းအား
ဖြင့် ထီးနန်ပျောက်စရာအကြောင်း မရှိပါကြောင်း
ရေးသားတိုက်တွန်းအပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment