"အဆုံးအမကို မလိုလားသူ"
သူတော်ကောင်းများသည် အဆုံးအမကို
လိုလား၍ ဆုံးမသူကိုအကျိုးပြုတတ်သော်လည်း
လူမိုက်များကား အဆုံးအမကို အကောင်းမထင်
ဆုံးမသူကိုပင်ရန်ပြုတတ်သေး၏။
ရှေးအခါက မိုလေကြောင့် တုန်တုန်
ခိုက်ခိုက်ဖြစ်နေသော မျောက်ကို ဘုရားအ
လောင်း သိ င်္ဂီလငှက်က "သင်ကား လူလိုပင်
လက် ခြေ ခေါင်းရှိနေလျက် အိမ်မရှိသည်မှာ
ဘာ့ကြောင့်ပါနည်း"ဟုမေး၏။
မျောက်ကလည်း"လူလို လက် ခြေ
ခေါင်း ရှိသော်လည်း ငါ့မှာ လူလိုပညာမရှိ" ဟု
ဆို၏။ ထိုအခါ ဘုရားအလောင်းက"စိတ်မတည်
ပေါ့လျော့သူ မိတ်ဆွေပြစ်မှား သီလမရှိသူကား
မချမ်းသာနိုင် မိမိအကျင့်ဖြင့် အစွမ်းထုတ်ကာ
အအေးဒဏ် လေဒဏ် ကာကွယ်နိုင်သော အိမ်
ဆောက်ပါ " ဟုကောင်းရာကောင်းကြောင်းပြော
၏။
မျောက်ကား"အကောင်းမထင် "ငါ့ကို
ပြောရကောင်းလား" ဟု သစ်ပင်ထက်သို့တက်၍
အသိုက်ကို ဖျက်ဆီးပစ်၏။
ဤတွင် လောကနီတိအရ"မြွေတို့
ကို နို့တိုက်ခြင်းမှာ အဆိပ်ပွါးရုံသာ လူမိုက်တို့
အတွက် ညွန်ကြားဆုံးမချက်မှာ စိတ်ဆိုးဖို့ရာသာ
ငြိမ်းဖို့ရာမဖြစ်နိုင်" ကြောင်း သိအပ်သည်ဖြစ်ရာ
အမျက်ဒေါသကြီးလျက် ဆင်ခြင်တုံတရားမဲ့သော
လူမိုက်တို့မှာ ပညာရှိသူတော်ကောင်းများ ပြော
ဆို ဆုံးချက်များကို လိုက်နာသည်မရှိ အမျက်
ထွက်လျက် ရန်ပြုတတ်ကြောင်း သာဓကထင်ရှား
လျက်ရှိရာ ထိုဆင်ခြင်တုံတရားမဲ့သောလူမိုက်တို့
အား တရားဟောခြင်းမှာ အရာမထင် အထေ့
အငေါ့ အလှောင်အပြောင်များဖြင့်သာ အသိ
ခေါက်ခက် အဝင်နက်ကြောင်း ရေးသားတင်ပြ
အပ်ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment