(ဝီရိယဖြစ်ကြောင်း ရှစ်မျိုး)
(၁)ပြုလတ္တံ့သော အမှုကိစ္စကိုရည်ညွန်း၍ ငါ့မှာ
လုပ်စရာကိစ္စအသစ်တစ်ခု ပေါ်လာရန်ရှိနေ
တယ် ပေါ်လာလျှင်ဒီအလုပ်မပြီးပဲ ရှိလိမ့်မယ်
ခုကတည်းက ပြီးအောင် လုပ်ထားနှင့်မှဟု နှလုံး
သွင်း၍လုပ်ရခြင်း။
(၂)ပြုပြီးကိစ္စကိုရည်ညွန်း၍ ငါ့မှာကိစ္စတစ်ခုပေါ်
လာလို့ လုပ်နေကျအလုပ်လစ်ဟင်းခဲ့ရတယ်
ယခုတော့ ထိုကြားဖြတ်အလုပ်လည်းပြီးသွားပြီ
ယခုပိုမိုကြိုးစားလိုက်ဦးမှဟု လုပ်နေကျအလုပ်
ကိုမဲတင်းပြီးလုပ်ခြင်း။
(၃)ခရီးသွားမှုနှင့်စပ်၍ ငါ့မှာခရီးသွားရန်ရှိနေ
တယ် သွားရင်ဒီအလုပ်ပျက်ဦးမယ် ခုကတည်းက
ကြိုးစားလုပ်ထားနှင့်မှဟု ဆင်ခြင်၍လုပ်ရခြင်း။
(၄)သွားပြီးခရီးနှင့်စပ်၍ ငါ့မှာခရီးသွားလို့တော့
ပြီးသွားပြီ အလုပ်များလစ်ဟင်းခဲ့တာကို ကြိုးစား
ပြီး လုပ်ဦးမှဟု မဲတင်းပြီး လုပ်ရခြင်း။
(၅)ဖြစ်ဆဲရောဂါကိုအကြောင်းပြု၍ ငါ့မှာမကျန်း
မာစပြုနေပြီ သည့်ထက်ဆိုးလာလျှင် ဒီအလုပ်
မလုပ်နိုင်ပဲရှိတော့မယ် ခုကတည်းကကြိုးစားမှ
တော်ကာကျမယ်ဟု နှလုံးသွင်း၍လုပ်ရခြင်း။
(၆)ကျန်းမာစအခြေအနေကိုကြည့်၍ ငါယခုနေ
ကောင်းစပြုလာပြီ အရင်ကမကျန်းမာခဲ့လို့
အလုပ်လစ်ဟင်းခဲ့ရပြီ ယခုတိုးပြီးကြိုးစားလိုက်မှ
ဟု ဆင်ခြင်း၍လုပ်ရခြင်း။
(၇)ဆွမ်းအာဟာရပြည့်စုံမှုကိုထောက်၍ ယခု
ငါ့မှာ ဆွမ်းအာဟာရပြည့်စုံနေ၏ ယခုလိုဘော
ဇနသပ္ပါယမျှတတုန်း ကြိုးစားမှဟု အားပေး၍
ကြိုးစားရခြင်း။
(၈)ဆွမ်းအာဟာရမပြည့်စုံလျှင်လည်း ငါ့မှာပေါ
ပေါများများမရှိလှသော်လည်း မျှတသေးသဖြင့်
သွက်လက်နေသေးတယ် သည့်ထက်မမျှရင်ခက်
လိမ့်မယ် ကြိုးစားလိုက်ဦးမှဟု ဆင်ခြင်ကာ မိမိ၏
(ပဓာန)ကမ္မဋ္ဌာန်းအလုပ် စသောလုပ်ငန်းများကို
လုပ်ကိုင်ရလေသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment