Thursday, November 17, 2016

စိတ်တန်ခိုးရှင် အပိုင်း(၃)

"စိတ်တန်ခိုးရှင် အပိုင်း(၃)"

           လူတို့သည်များသောအားဖြင့် စိတ်၏တန်
ခိုးစွမ်းအားကို မသိကြ အသုံးမချတတ်ကြ တန်ခိုး
ကြီးအောင်လည်းစိတ်ကို မပြုပြင် မဖန်တီး မကြိုး
နားလည်အောင်ပြုသူကားရှားလှ၏။
             စိတ်ကဖန်တီး၍ ကြီးကျယ်သောရုပ်ဝတ္ထု
ပစ္စည်းများ ဖြစ်ပေါ်လာသည်ကိုဆင်ခြင်နိုင်
သည်။
             လောက၌ လူသားတို့ဖန်တီးသော ဆန်း
ကြယ်သည့်အရာဝတ္ထုမှန်သမျှသည် စိတ်၏စေ
ခိုင်းချက်ဖြင့် လက်ကလုပ်လိုက်သောအရာများ
ဖြစ်ပေသည်။
               စိတ်တည်းဟူသောနာမ်ဓါတ်သည် စေ
ခိုင်းသူဖြစ်၍ ရုပ်ဓါတ်သည် လိုက်ပါလုပ်ဆောင်
ပေးရသူဖြစ်သည်။စိတ်၏ စေ့ဆော်မှုဖြင့် စိတ္တဇ
ရုပ်များဖြစ်ပေါ်လာရခြင်းပင်ဖြစ်ပေသည်။
               အဘိဓမ္မာပဋ္ဌာန်းနည်းကိုသိလျှင် စိတ်
၏တန်ခိုးကြီးပုံ စိတ္တဇရုပ်တို့၏ လုပ်ကိုင်ပုံများကို
ထင်ရှားစွာသိမြင်နိုင်သည်။
                 စိတ်လောက်ဆန်းကြယ်သောအရာ
သည် လောကတွင်မရှိပြီ။စိတ်သည်ဆန်းကြယ်
လွန်းသောကြောင့် ဤကမ္ဘာလောကကြီးတွင်
အံ့ဘနန်းအဆန်းတကြယ်တွေ ပေါ်ပေါက်နေရ
ခြင်းပင် ဖြစ်ပေသည်။
                 အဘိညာဉ်တန်ခိုးများဆိုသည်မှာ
စိတ်ကိုလေ့ကျင့်ထိန်းသိမ်းပြီး ယောဂီနည်းလမ်း
များဖြင့် အသုံးပြုခြင်းကို ဆိုပေသည်။
                   လောကုတ္တရာလမ်းသို့လိုက်သွား
သောအခါ အရဟတ္တဖိုလ်တိုင်အောင် အစွမ်း
ထက်လေသည်။

                   စိတ်တန်ခိုးကြီးမားစေရန် ဖန်တီးရန်
အချက်ကြီးငါးချက် ပြည့်စုံဖို့လိုပေသည်။

            (၁)သဒ္ဓါ=အမှန်ဖြစ်မြောက်အောင်မြင်ရ
မည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ခြင်း။

             (၂)မညနာ=သို့လော သို့လော တွေး
တောယိမ်းယိုင်ခြင်းမရှိပဲ မုချဖြစ်ရမည်ဟု စိတ်
ဓါတ်ကြံ့ခိုင်ဇွဲသန်ခြင်း။

               (၃)အဓိဋ္ဌာန=ရည်ရွယ်ထားသည့်အ
တိုင်း ပြီးစီးထမြောက်အောင်မြင်အောင် ဆုံးဖြတ်
အဓိဋ္ဌာန်ခြင်း။

                (၄)သစ္စာ=အမှန်ကိုသာ ပြုလုပ်ပြော
ဆိုခြင်း။

                 (၅)သမာဓိ=တည်ကြည်ခြင်း။

ဤအင်္ဂါ ငါးပါးနှင့်ပြည့်စုံပါမှ စိတ်တန်ခိုးရှင်ဖြစ်
လာလိမ့်မည်။

                   သမာဓိဓါတ်ခိုင်မာသောသူအတွက်
တန်ခိုးမှာအလိုလိုရှိလာသည်။ဥဒ္ဓစ္စများလွန်း၍
လှုပ်ရှားလွန်းသောစိတ်ရှိသူမှာ သမာဓိထူထောင်
ရန် ခဲယဉ်းသည်။ထို့ကြောင့် ဦးစွာစိတ်ဓါတ်ခိုင်မာ
စေရန် ကျင့်ကြံဖို့လိုပေသည်။
                      ထို့ကြောင့် စိတ်တန်ခိုးကြီးမားလာ
လျှင် အရာရာကို ဖန်တီးနိုင်သောကြောင့် မိမိတို့
၏ စိတ်တန်ခိုးရှိလာအောင် တစ်နည်းအားဖြင့်
အလုံးစုံသောသိဒ္ဓိပြီးစီးအောင် ထူထောင်သင့်လှ
ပေကြောင်း အလေးထားတိုက်တွန်းနှိုးဆော်အပ်
ပါသတည်း။

                             ရွှင်လန်းချမ်းမြေ့ပါစေ
                               

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment