"နတ်များနှင့် ဆေးမင်ကြောင်"
(၁)ရှေ့ဝင်း
အရှေ့အရပ် တံခါးစောင့်နတ်များ
၎င်းတို့၏လည်ကုပ်၌ ဓတရဋ္ဌ နတ်မင်းကြီး ဂန္ဓဗ္ဗ
နတ်ကိုစီးဟန် ဆေးနီဖြင့်ထိုးနှံထားသည်။မြင့်မိုရ်
တောင်၏ အရှေ့ဘက်မျက်နှာရောင်ကို အစွဲပြု၍
ဖြူသောအလံကို ကိုင်ဆောင်လွှင့်ထူရသည်။
(၂)နောက်ဝင်း
အနောက်အရပ်တံခါးစောင့်နတ်များ
ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန် ဆေးနီထိုး၍
မြင့်မိုရ်တောင်၏ အနောက်ဘက်မျက်နှာအရောင်
ကိုအစွဲပြု၍ ဖန်စိမ်းရောင်အလံကို ကိုင်ဆောင်
လွှင့်ထူရသည်။
(၃)တောင်ဝင်း(လကျာ်ဝင်း)
လကျာ်ဘက်အစောင့်စစ်သားများ
များ ဝိရူဠကနတ်မင်းကြီး၏ ကုမ္ဘ္ဘ္ဘာန်စီးဟန် ဆေးနီ
ထိုး၍ မြင့်မိုရ်တောင်၏ တောင်ဘက်အရပ်မျက်
နှာအရောင်ဖြစ်သော မြအရောင်အလံကို လွှင့်ထူ
ရသည်။
(၄)မြောက်ဝင်း(လက်ဝဲဝင်း)
လက်ဝဲဘက်အစောင့်စစ်သား
များ ကုဝေရနတ်မင်း ခေါ် ဝေဿဝဏ်နတ်မင်း
ကြီး ဘီလူးစီးဟန် လည်ကုပ်တွင်ဆေးနီထိုး၍
မြင့်မိုရ်တောက်၏ မြောက်ဘက်မျက်နှာအရောင်
ဖြစ်သော အဝါရောင်အလံကို ကိုင်ဆောင်လွှင့်ထူ
ရသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment