Thursday, November 17, 2016

"အချစ်နဲ့ မေတ္တာ"

"အချစ်နဲ့ မေတ္တာ"

          ဤလောက၌ လူတို့သည် အချစ်ကိုမေတ္တာ
ဟုပင် ထင်မြင်ယူဆနေကြကုန်၏။ ဧကန်စင်စစ်
အလွန်ဖြူစင်သန့်ရှင်းသော မေတ္တာတရားသည်
ကား အလွန်တရာသိမ်မွေ့နက်ရှိုင်းလှသည်။
            မေတ္တာဟူသည် မေတ္တာပေးသူနှင့်
မေတ္တာယူသူတို့အကြား ပိုင်းခြားကန့်သတ်ခြင်း
မရှိ ပကိကြည်လင်အေးမြစွာစီးဆင်းသော စိမ့်
စမ်းရေလျဉ်ကဲ့သို့ လောကသားများအပေါ် မကွဲ
မပြား မခြားနားပဲ တစ်သားတည်းသော ကြည်
လင်အေးမြခြင်းကို ပေးစွမ်းနိုင်၏။
            ဒေါသပြင်းထန်သော ပုဂ္ဂိုလ်များမှာ လို
တစ်မျိုး မလိုတစ်မျိုးဖြင့် ခွဲခြားဆက်ဆံတတ်
သော်လည်း မေတ္တာသမားသည် ဒေါသကင်း
သောပုဂ္ဂိုလ်ဖြစ်၍ သိသူနှင့်မသိသူ မြင်ဘူးသူနှင့်
မမြင်ဘူးသူ အဝေးနေသူနှင့် အနီးနေသူ ဆွေမျိုး
တော်စပ်သူနှင့် မတော်စပ်သူ ထိုသူတို့အကြား၌
ကွဲပြားခြားနားခြင်းမရှိ အားလုံးကိုတစ်ဦးတည်းအ
ဖြစ် အကြွင်းမရှိသော ချစ်ခင်မြတ်နိုးခြင်းဖြစ်လျှင်
မိဘက သားသမီးကိုချစ်သောပမာ ပိုင်းခြားကန့်
သတ်ချက်မရှိသော စိတ်ဖြင့် ငြိမ်းချမ်းစေ၏။

           ရင်ခွင်၌ သားသမီးတို့ကို နို့ချိုတိုက်ကျွေး
သော မိခင်သည် သားသမီးတို့အပေါ်၌ မသန့်ရှင်း
သောချစ်ခြင်းမျိုးမရှိ မိမိအတွက်မျှော်လင့်ချက်
မထားပဲ သားသမီးများအတွက် ကောင်းကျိုးကို
သာ မျှော်လင့်၍ အစဉ်မေတ္တာစိတ်ဖြစ်ပေါ်နေ၏။

            ဒေါသကင်းလျက် မေတ္တာစိတ်သက်
ရောက်သော ပုဂ္ဂိုလ်၏ သဏ္ဍာန်၌ စိတ်နှလုံးတို့
သည် ငြိမ်းချမ်း၏ နူးညံ့သိမ်မွေ့လျက် ဖြောင့်မတ်
တည်ကြည်လာ၏ ယဉ်ကျေးလာ၏ ရိုးသားလာ
၏ မေတ္တာဖြင့်ထုံးမွှမ်းသော စိတ်နှလုံးတို့သည်
အစဉ်အေးချမ်းလျက်ရှိရ၏။

             မေတ္တာစိတ်သည် မိဘတို့စိတ်မျိုးဖြစ်ရာ
မိမိရင်ခွင်၌ရှိသော သားသမီးသည် မိမိအားကုတ်
ခြစ်သော သားအပေါ်၌ စိတ်ဆိုးခြင်း ဒေါသထွက်ခြင်းမ
ရှိသကဲ့သို့ သုံးဆယ့်တစ်ဘုံသော သတ္တဝါတို့အ
ပေါ်၌ စိတ်ဆိုးခြင်း ဒေါသထွက်ခြင်းမရှိ လပြည့်
ညများအခါ ဖြာကျသော လရောင်၌ တစ်လောက
သားလုံးအပေါ် ခြားနားခြင်းမရှိ အစဉ်ဖြန့်ကျက်ခြုံ
လွှမ်းထားသကဲ့သို့ လောကသားများအပေါ်
အစဉ်ငြိမ်းချမ်းစေ အေးချမ်းစေလိုသော မေတ္တာ
စိတ်သည် ပိုင်းခြားကန့်သတ်ထားခြင်းမရှိပဲ အမြဲ
ဖြစ်ပေါ်လျက်ရှိရာ အဒေါသစေတသိတ်ဖြစ်လျက်
ငြိမ်းအေးနေ၏။

              မေတ္တာပွါးခြင်းမှာ ဒေါသကိုပယ်ရှားခြင်း
ဖြစ်ရာ သတ္တဝါအများချမ်းသာပါစေဟု မေတ္တာ
ဓါတ်ပို့လွှတ်သောအခါ မိမိရင်ထဲ၌ ဒေါသစိတ်
အရင်ဖြစ်မဖြစ် ဆင်ခြင်လျက် ထိုဖြစ်ပေါ်လာ
တတ်သောဒေါသစိတ်တို့ကို ချိုးနှိမ်ခြင်း မရှိ
အောင်ပြုခြင်းတည်းဟူသော မေတ္တာအစစ်သို့
ရောက်အောင် အားထုတ်သော ဘာဝနာစိတ်ကို
ဖြစ်စေရမည်။

              ရင်ထဲ၌ရှိသောဒေါသသည် မိမိ၏အကြီး
မားဆုံးရန်သူဖြစ်ရာ ဒေါသဖြင့် မကောင်းမြင်
တတ်သော အကုသိုလ် ဒေါသစေတသိတ်တို့ကို
ပယ်ဖျောက်လျက် အကောင်းမြင်တတ်သော
အဒေါသစေတသိတ်ကို အစဉ်မကွာ ဖြစ်နိုင်ကြပါ
စေကြောင်း ရေးသားအပ်ပါသတည်း။

                        ရွှင်လန်းချမ်းမြေ့ပါစေ
                          

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment