Thursday, November 17, 2016

လောကဓံ တရား

"လောကဓံ တရား"

(၁)လာဘ=လာဘ်ရခြင်း
(၂)အလာဘ=လာဘ်မရခြင်း
(၃)ယသ=အခြွေအရံပေါများခြင်း
(၄)အယသ=အခြွေအရံမရှိခြင်း
(၅)နိန္ဒာ=ကဲ့ရဲ့ခံရခြင်း
(၆)ပသံသာ=ချီးမွမ်းခံရခြင်း
(၇)သုခ=ချမ်းသာခြင်း
(၈)ဒုက္ခ=ဆင်းရဲခြင်း စသည့် လောကဓံများတည်း။

           ဤတရားရှစ်ပါးမှာ တစ်လှည့်စီ ဖြစ်လေ့ရှိ
ရာ လောက၌ နေရသူမှန်လျှင် အမှန်ပင်တွေ့ကြုံ
ရမည့်သဘောများဖြစ်၍ လောကဓံဟုဆိုသည်။
              ဤလောကဓံ၌ ဘုရားသော်မှ မလွတ်
ကင်း ဘုရားရှင်မှာ တစ်ခါတစ်ရံ မကုန်နိုင်မခမ်း
နိုင် အတိုင်းမသိအောင် ပစ္စည်းလေးပါး ပေါမျာလှ
သော်လည်း ရံခါ ရှားရှားပါးပါး အဖြစ်နှင့်ကြုံရ၏။
ဝေရဉ္ဇာပြည်၌ ဝါကပ်စဉ် မုယောဆွမ်းကြမ်းကို
ဘုဉ်းပေးရ၏။
                တစ်ခါက ဧကနာဠ ပုဏ္ဍားရွာ၌ ဆွမ်းခံ
စဉ် လူတွေအား မာရ်နတ် လှည့်ဖြားထားမှု
ကြောင့် ဆွမ်းလောင်းရန် သတိမရဖြစ်ရာ သပိတ်
ချည်းသက်သက်ဖြင့် ထွက်ခွါတော်မူခဲ့ရသည်။
                  နတ် လူ ဗြဟ္မာတို့၏ အတုမဲ့ ချီးမွမ်း
ခြင်းကိုခံရသော်လည်း စိဉ္ဇမာဏဝိကာ စွပ်စွဲခြင်း
သုန္ဒရီပရဗိုဇ်မ စွပ်စွဲခြင်း စသည်ကိုအကြောင်းပြု
၍ မလိုလားသူများ ကဲ့ရဲ့မှုကိုလည်း ခံတော်မူရ
သည်။
                   ဖလသမာပတ်ချမ်းသာ နိရောဓ
သမာပတ်ချမ်းသာဟူသော ချမ်းသာအတိနှင့်ကြုံ
ရသော ရှင်တော်မြတ်မှာ တစ်ရံတခါ ခါးတော်နာ
ခြင်း ဝမ်းတော်လားခြင်း စသော ဒုက္ခနှင့်ကြုံတော်
မူရ၏။
                    ထို့ပြင် ဘုရားရှင်စင်္ကြန်ကြွတော်မူ
စဉ် ရှင်ဒေဝဒတ်၏ ချောင်းမြောင်းလုပ်ကြံခြင်း
ကျောက်မောင်းဆင်၍ လုပ်ကြံခြင်း ဆွမ်ခံကြွ
တော်မူသောအခါ၌ နာဠာဂီရိဆင်ဖြင့် တိုက်ခိုက်
ခြင်းကို ကြုံတော်မူရခြင်းစသော မလိုမုန်းထားသူ
များ၏ နှောင့်ယှက်ခြင်းကို ကြုံတွေ့တွေ့တော်မူ
ရ၏။ အခြားလောကဓံများလည်း ကြုံတော်မူရ၏။
                       ဘုရားသော်မှ တွေ့ကြုံရသော
ထိုသဘောများမှာ ဘယ်သူမဆို ကြုံရမည်သာ
ဖြစ်သောကြောင့် လောက၏ တရား လောကရှိ
နေသမျှ ဆုတ်ဖယ်ရှောင်ခွါသွားခြင်းမရှိ ဖြစ်နေ
မည့်တရားများသာတည်း။
                          ရဟန္တာအရှင်မြတ်တို့မှာ ဣဋ္ဌ
အနိဋ္ဌ ကြုံတွေရသောအခါ မိမိလိုသလိုပြောင်း
လည်းရှုနိုင်အောင် စိတ်ကိုအစိုးရသည်ဖြစ်ရာ
ကျောက်တောင်ကြီးသည် လေတို့ကြောင့် မလှုပ်
ရှားသကဲ့သို့ ထို့အတူ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း တို့
ကြောင့် လှုပ်ရှားခြင်းမရှိသော ပညာရှိများအဖြစ်
ဘုရားရှင်ချီးကျူးတော်မူ၏။
                               ပုထုဇဉ်ကား ဖြစ်လာသော
လောကဓံ၏ အမြဲမရှိသည်၏အဖြစ် ဆင်းရဲသည်
၏ အဖြစ် ဖောက်ပြန်ပျက်စီးတတ်သောသဘော
ရှိသည်၏အဖြစ်ကို မဆင်ခြင်တတ် ထို့ကြောင့်
သူ့စိတ်မှာ လောကဓံတို့၏ သိမ်းကျုံးလွှမ်းမိုးမှုကို
ခံရသည်။
                     အကောင်းလောကဓံနှင့် ကြုံသော
အခါ ထိုလောကဓံအလိုက် လိုက်ပျော်တတ်၏။
အဆိုးလောကဓံနှင့်ကြုံသောအခါ စိတ်ဆင်းရဲ
ခြင်းကို မဖြေသိမ့်နိုင်တော့ပေ။
                         အရိယာတို့ကား လောကဓံ၏
အနိစ္စ=ပျက်စီးတတ်သောသဘော "ဒုက္ခ=ဆင်း
ရဲတတ်သောသဘော "အနတ္တ=အစိုးမရ အလိုသို့
မလိုက်ခြင်းသဘောများကို စဉ်းစားဆင်ခြင်နိုင်
ကြ၏။
                ထိုသို့ဆင်ခြင်နိုင်စွမ်းရှိသောကြောင့်
လောကဓံက ထိုအရိယာသူတော်ကောင်းတို့၏
စိတ်ကို မလွှမ်းမိုးနိုင် အကောင်းနှင့်ကြုံသော်
လည်း အကောင်းအလိုက် အပျော်လွန်ခြင်းမရှိ
အဆိုးနှင့်ကြုံသော်လည်း စိတ်ဆိုး စိတ်ဆင်းရဲမှု
မရှိ။ ဤ၌ အရိယာသာဝကကိုသာ လောကဓံ
မတုန်မလှုပ်သူအဖြစ် ပုထုဇဉ်ကိုကား တုန်လှုပ်
သူအဖြစ်ဟော၏ သို့သော် လုံးဝမစဉ်းစားတတ်
သော ပုထုဇဉ်ကိုသာ ဟောခြင်းဖြစ်ရာ အရိယာ
ကိုမမှီစေကာမူ အချို့ပုထုဇဉ်များ၌ တရား
သဘောဆင်ခြင်စဉ်းစားမှု ရှိတတ်၍ အထိုက်
အလျောက် လောကဓံကို ခံနိုင်ရည်ရှိသူများ
အဖြစ်လည်း တွေ့မြင်နိုင်၏။
                " ဤသို့အားဖြင့် ကောင်း ဆိုး နှစ်တန်
တလှည့်စီကြုံရ ဘုံဘဝများကား တကယ်ဖေါ်
ထုတ်အနှစ်ချုပ်ရသော် ဒုက္ခများသာတည်း"ဟု
သဘောပိုက်လျက် သုံးဆယ့်တစ်ဘုံ လောက
ဝဋ်စက်အတွင်းမှ လွတ်ကင်းအောင်ရှောင်ရှား
နိုင်စွမ်းရှိသော အရိယမဂ်သမာဓိကို ကျင့်ကြံ
ကြိုးကုတ် တကယ့်အလုပ်အနှစ်ထုတ်လျက်
သဒ္ဓါဗိုလ် သတိဗိုလ် သမာဓိဗိုလ် ဝီရိယဗိုလ်
ပညာဗိုလ် စသော ဗိုလ်ငါးပါး ဦးစီးသော ကိလေ
သာဖျက် ပညာလက်နက်ဖြင့် သံသရာဝဋ်စက်
အတွင်းမှ ရုန်းထွက်တော်မူနိုင်ကြပါစေ။

                        ရွှင်လန်းချမ်းမြေ့ပါစေ
                           

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment