Thursday, November 17, 2016

"စိတ်တန်ခိုးရှင် အပိုင်း(၅)" "အင်း အိုင် အဖွင့်" (သုတေသနပြုချက်)

"စိတ်တန်ခိုးရှင် အပိုင်း(၅)"

"အင်း အိုင် အဖွင့်"
(သုတေသနပြုချက်)

         အင်း အိုင် ဆိုသည်မှာ အလိုရှိအပ်သော
အာနိဿင်ထွက်ပေါ်လာစေရန် သမာဓိခိုင်မြဲစွာ
နှင့် ဓါတ်ခံ ဓါတ်အုပ် မိတ် ရန် စသည်တို့ကို ဆင်
ခြင်၍ အက္ခရာ ဝဏ္ဏ ဗျည်း သရ တည်းဟူသော
အက္ခရာနှင့် ဂြိုဟ်ဆင် ဂြိုဟ်ကွက် စသော ဂဏန်း
တို့ကို အကွက်ပြု၍ လည်းကောင်း အဆင့်ဆင့်
ပြု၍လည်းကောင်း စီရင်ခြင်းကို အင်းအိုင်ပညာ
ဟု ခေါ်ပါသည်။
           "အင်း"ဆိုသည်မှာ အကွက်ထဲ၌ အက္ခရာ
ထည့်ခြင်းဖြစ်၍ "အိုင်" ဆိုသည်မှာ အကွက်ထဲ၌
ဂဏန်းများထည့်ခြင်းပင်တည်း။
           အင်း ထဲ၌ သွတ်သွင်းရန် မြန်မာအက္ခရာ
စစ်စစ်များကို ခရစ်တော်ပေါ်ပြီးသော အေဒီနှစ်
(၁၁၀၀)ထက်စောပြီး မတွေ့ရဟု ပညာရှင်တို့ဆို
ကြသည်။
            "တံဆိပ်=စမ"ဆိုသည်မှာ သက်ဆိုင်ရာ
ပုဂ္ဂိုလ်၏ အမှတ်အသားဖြစ်သည်။ကွန်ပါကိုက်
ဖြစ်သော လေးထောင့် သုံးထောင့် တြိဂံ စတုဂံ
စသောအကွက်များနှင့် အင်း အိုင် တံဆိပ်စသော
ပညာရပ်များ၏ မူလဘူတသည်(ကဘလာ=
CABALLAR)အမည်ရှိသော ပညာရပ်မှဆင်း
သက်လာသည်ဟု ယုံကြည်ဖွယ်ရှိ၏။
               ထိုပညာရပ်သည် (ဟီဘရူးပုရောဟိတ်
=HERBREW PORPHET) (မိုးဇက်=MOSSES)
၏လက်ဝယ်သို့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း
ဘီစီ(၂၅၁၅)ခုနှစ်၌ ရောက်ရှိကြောင်း မှတ်တမ်း
တင်ထားကြသည်။
                 မည်သို့ပင်ပေါင်း ပေါင်း (၁၅)ချည်း
အဖြေထွက်သော ယနေ့ မြန်မာတို့သုံးစွဲနေသည့်
(စမ္မာနဝင်း" ဇာလင်း"သတ္တ" ပဉ္စ"တြိ"ဆ"ဧက"
အဋ္ဌ)အစရှိသော ရထားသွား သုံးကွက်အင်းများ
မှာ ထိုစဉ်အချိန်ကာလ ကတည်းကပင် ၎င်းတို့ထံ
၌ ထွန်းကားနေပြီဖြစ်ကြောင်း အထောက်အထား
များဖြင့်ဖေါ်ပြကြသည်။
                 ကဘလာပညာ၌ပါသော စမ္မာနဝင်း
အင်းများမှာ ရောမဂဏန်းနှင့်ပြ၍ မြန်မာတို့အင်း
၌ မြန်မာဂဏန်းဖြင့်ပြကြသည်။ ဂဏန်းပုံစံဆွဲပုံ
ကွဲလွဲသည်မှအပ အားလုံးအထားအသိုနှင့်
သဘောသဘာဝ အနေအထားမှာ အတူတူပင်
ဖြစ်၏။
                  မူလ ကဘလာပညာ၌ အက္ခရာ(၂၂)
လုံး ဂဏန်း(၉)လုံးနှင့် သုညပါဝင်ကြသည်။အဆို
ပါအက္ခရာများ၌လည်းကောင်း ဂဏန်းများ၌
လည်းကောင်း မည်သို့သော အာနိဿင်များ
ဟိတ်တန်ခိုးသတ္တိများ မူလအားဖြင့် ကိန်းဝပ်
တည်ရှိကြသည်။
                 စကြဝဠာ၌ ပြောင်းကာ ရွေ့ကာ
ပိတ်လိုက် လင်းလိုက် တည်ရှိသော နက္ခတ်များ
နှင့်လည်းကောင်း ဂြိုဟ်တာရာများနှင့်လည်း
ကောင်း မည်သို့မည်ပုံ ပေါင်း၍ ဆက်စပ်နေကြ
သည်။ ကောင်းကင်၌ သူ့သဘာဝနှင့်သူ လှည့်
လည်သွားလာနေကြကုန်သော နေလအစရှိ
သည့် ဂြိုဟ်ကြီးများ၏ (Gravitation)ဆွဲငင်ခြင်း
တန်ခိုးနှင့်(Ehtertal Current of the Constellation)ဓါတ်အရှိန်အဝါတို့က ၎င်းတို့၏
ရောင်ခြည်အောက်တွင် ရပ်တည်နေကြကုန်
သော သက်ရှိ(၇)နေ့သားသမီးနှင့်တကွ သတ္တဝါ
တို့အားလည်းကောင်း သက်မဲ့ ဒီရေအတက်အကျ
စသည်တို့အားလည်းကောင်း မည်သို့မည်ပုံ
အပြန်အလှန်အားဖြင့် ရောင်ပြန်ဟပ်ကြသည်။
              တစ်နည်းအားဖြင့်ဆိုသော် ပညတ်သွား
ရာ ဓါတ်သက်ပါသည့် ကဏ္ဍ၌ ဖိုဓါတ် မဓါတ်
မိတ် ရန် ဆွဲအား ကန်အား အခံဓါတ် အပေါ်ဓါတ်
အတိုက်ဓါတ် စသည်အားဖြင့် ဓါတ်ခိုက်သရုပ်များ
ခွဲခြား၍ သာမန်မျက်စိဖြင့် မမြင်နိုင်စွမ်းသော
တုန်ခါမှုများ လျှပ်စစ်လှိုင်းများ အေစီနှင့် ဒီစီ
မခြား စွမ်းပကားကြီးမားကြောင်း သဘာဝယုတ္တိ
နှင့်တကွ တင်ပြထားကြပေ၏။
                အတိုချုံးလိုက်လျှင် အင်း အိုင် တံဆိပ်
မန္တာန် ဓါတ်ရိုက် ဓါတ်ဆင်တို့ပါဝင်သော
ကဘလာ အမည်ရှိပညာရပ်ဆိုသည်မှာဤစကြ
ဝဠာ ၌ တည်ရှိလျက် လှည့်လည်နေကြကုန်သော
ဂြိုဟ် နက္ခတ်တာရာတို့၏ ဟိတ်တန်ခိုးသတ္တိများ
နှင့် လူသားတို့၏ ဟိတ်တန်ခိုးသတ္တိနှစ်မျိုးကို
ဆုံဆည်းစပ်ဟပ်စေလျက် သမာဓိခိုင်မြဲစွာဖြင့်
အလိုရှိအပ်သော အကောင်း အဆိုး အာနိဿင်
များ ထွက်ပေါ်လာစေရန် ဆွဲငင်စီမံ ဖန်တီးပေး
သော ပညာရပ်ဟုဆိုရပေမည်။
              ပညာပိုင်းအစီအရင်တို့ပြုလုပ်ရာတွင်
တကယ်တမ်းသိရှိနားလည်သဘောပေါက်သူဖြစ်
ပါက မည်သူမဆို စီရင်နည်းမှန်
ကန်လျှင် အစွမ်းထက်ရမည်သာ။ဤကဘလာ
အမည်ရှိသော ပညာရပ်သည် ဝေဒဝိဇ္ဇာ မန္တဝိဇ္ဇာ
လောကီဝိဇ္ဇာသုံးမျိုးတို့နှင့်သက်ဆိုင်ကြောင်း
သုတေသနပြု တင်ပြအပ်ပါသတည်း။

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment