Thursday, November 17, 2016

"ဂါရဝ မင်္ဂလာ"

"ဂါရဝ မင်္ဂလာ"

         ရိုသေထိုက်သူများကို ရိုသေသမှု အလေး
အမြတ်မပြုသူကို သူတော်ကောင်းများ မလိုလား
မနှစ်သက် ရိုင်းစိုင်းသောသူဟု ကဲ့ရဲ့ကြ၏။
         ရိုသေတတ်အလေးအမြတ်ပြုတတ်သော
သူတို့ကိုကား ပညာရှိသူတော်ကောင်းတို့ လိုလား
နှစ်သက်ကြကုန်၏။ဤအချက်ဖြင့် ဂါရဝတရားရှိ
သူ၌ မင်္ဂလာဖြစ်ကြောင်း ထင်ရှား၏။

           ကြီးမြတ်သောသူတို့အားရိုသေခြင်း
ကြောင့် ယခုဘဝနောင်ဘဝ ကောင်းကျိုးများလှ
၏။ ယခုဘဝ၌ ချီးမွမ်းခံရခြင်း နောင်ဘဝ၌ သုဂ
ဂတိဘဝ၌ ကျင်လည်ရခြင်း စသော ဂါရဝထားသူ
၏ ကောင်းကျိုးများပုံကို ဘုရားရှင်ဟောတော်မူ
၏။
             ထို့ပြင် မိမိထက် အသက်ဂုဏ်ဝါကြီးမြတ်
သောသူတို့အား ရှိခိုးလေ့ရှိသောသူ အရိုအသေ
ပြုသောသူတိုအား အသက်ရှည်ခြင်း အဆင်းလှ
ခြင်း ချမ်းသာများခြင်း ခွန်းအားကြီးခြင်းတည်းဟူ
သော အကျိုးလေးပါး တိုးပွါးနိုင်ကြောင်း ဟော
တော်မူပါ၏။
                ထို့ပြင် ကြီးမြတ်သောသူတို့၏ ချစ်ခင်
မြတ်နိုးခြင်း လေးစားခြင်း ကူညီစောင့်ရှောက်ခြင်း
စသည်ဖြင့် ရသည့်အကျိုးများကား များလှ၏။
အရင်းမစိုက်ရပဲ ကိုယ်ကိုညွတ်ကိုင်းအသုံးချရုံမျှ
ဖြင့် အမြတ်အလွန်ထွက်သော ဤဂါရဝမင်္ဂလာ
ကို မဆောင်ထိုက်ပဲရှိပါမည်လား။

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment