Thursday, November 17, 2016

"ဖြောင့်မတ်သောသူ"

"ဖြောင့်မတ်သောသူ"

       မစဉ်းလဲ မလှည့်ဖြားတတ်သောသူ မိမိအဖြစ်
မှန်ကို ဘုရားရှင်နှင့် သီတင်းသုံးဖေါ်များထံ ဖေါ်
ပြတတ်သူဖြစ်ရမည်ဟူသော အင်္ဂါအရပင် ဖြစ်၏။
       
       ကောက်ကျစ်စဉ်းလဲခြင်း လှည့်ဖြားခြင်းရှိသူ
များကား သူတစ်ပါးအပေါ် မေတ္တာထားနိုင်မည်မ
ဟုတ် မေတ္တာသာမဟုတ် ထိုကဲ့သို့ မရိုးဖြောင့်သူ
များ၌ အခြားအကျင့်တရားကောင်းများဖြစ်ပွါးရန်
မလွယ် စင်ကြယ်သော ပိတ်ကားချပ်ပေါ်မှသာ
ပန်းချီဆေး တောက်ပပေါ်လွင်စွာ ထင်ရှားနိုင်၍
ညစ်ပေနေသော ပိတ်ကားချပ်ပေါ်တွင် ဆေး
ရောင်မပေါ်လွင် မထင်ရှားနိုင်သကဲ့သို့ ကောင်း
မြတ်သောတရားများကား သန့်ရှင်းသောစိတ်
ဓါတ်၌သာ စွဲမြဲစွာထင်နိုင်ကြောင်း ထို့ကြောင့်
ရိုးသားဖြောင့်မတ်မှုသည် အလွန်အရေးကြီး
ကြောင်း ဘုရားရှင်ဟောကြားတော်မူပါ၏။

          တစ်ကြိမ်တစ်ခါ သို့မဟုတ် ငယ်ရွယ်စဉ်
အခါ ဖြောင့်မတ်မှု သာမန်မျှဖြင့်ကျေနပ်မနေပဲ
အသက်ထက်ဆုံး ထပ်တလဲလဲ မလျော့အောင်
ပြုပြင်ခြင်းဖြင့် အလွန်ဖြောင့်မတ်သူဖြစ်အောင်
ပြုရမည်သာ။

             ထို့ပြင်ကိုယ်နူတ်ကောက်ကျစ်မှုကို
ပယ်ခြင်းဖြင့် ဖြောင့်မတ်အောင် စိတ်ထား
ကောက်ကျစ်မှုကိုပယ်ခြင်းဖြင့် အလွန်ဖြောင့်မတ်
အောင် ပြုပြင်ရမည်။ အဓိသီလ အဓိစိတ္တ သိက္ခာ
ဖြင့် ဖြောင့်မတ်သူဖြစ်အောင်လည်းကောင်း
အဓိပညာသိက္ခာဖြင့် အလွန်ဖြောင့်မတ်သူဖြစ်
အောင်လည်းကောင်း ကြိုးစားသင့်ပါကြောင်း
ဘုရားရှင်ဟောတော်မူရာ ဤအကျင့်ကောင်းတို့
ဖြင့် အရဟတ္တမဂ်ရကာ ကိလေသာအကုန်စင်
ကြယ်လျက် အပြည့်စုံဆုံး ဖြောင့်မတ်မှန်ကန်သူ
များဖြစ် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါ
စေကြောင်း ရေးသားအပ်ပါသတည်း။

                           ရွှင်လန်ချမ်းမြေ့ပါစေ
                                  ပါရမီစခန်း ပညာလမ်း

1 comment:

  1. Merkur 25c Review – Merkur 20c Review - Xn--o80b910a26eepc81il5g.online
    Read 카지노 this Merkur 25c review 메리트카지노 from Xn--o80b910a26eepc81il5g.online with more than 2 reviews. 샌즈카지노 This is due to its unique design and features.

    ReplyDelete